အပိုင်း ၂

211 21 2
                                    

Chapter 2

ကျင့်ကြံရေးလောကမှာ ပထမဆုံးလုပ်ရတဲ့ အစဥ်အလာက ဆံပင်ဖြတ်တာနဲ့ စိတ်အာသီသတွေကို စွန့်လွှတ်ခြင်းပဲဖြစ်သည်။ အစာစားဖို့မလိုတော့ဘူးဆိုတာက သေမျိုးကမ္ဘာကို စွန့်ခွာတာနဲ့ အတူတူပင်။

သူတို့စားဖို့မလိုတော့ကတည်းက အညစ်အကြေးစွန့်ဖို့လည်း မလိုအပ်တော့ပေ။

ကျင့်ကြံသူတွေအနေနဲ့ အခြားသာမာန်လူတွေထက် ပိုပြီး အကြမ်းခံနိုင်တာကြောင့် ဒီလိုဂူထဲမှာ အပိတ်ခံထားရတာက သူတို့အတွက် အဆင်ပြေသည်။ ဒါပေမဲ့ ဂူထဲက သူတို့ကို ဝိုင်းထားတဲ့ အမှောင်ထုက သူတို့အပေါ်ကို သက်ရောက်နေသည်။

အမှောင်ထုက လူတွေကို တိတ်ဆိတ်နေတဲ့ဖားတစ်ကောင်လိုမျိုး ဝါးမြိုလိုက်သည်။ အဲ့တာက သူတို့ကိုယ်ထဲကို တစိမ့်စိမ့်စီးဝင်လာပြီး သူတို့လက်ချောင်းထိပ်တွေတောင် အမဲရောင်ပြောင်းကုန်ကြသည်။ အကြာကြီးထိတွေ့နေရတာက သူတို့အတွက် အဆင်မပြေဖြစ်စေသည်။

ရှီးဟွိုင် ဘယ်လောက် ဒေါသကြီးတယ်ဆိုတာ ချီမုယောင် သိသည်။ အဲ့တာကြောင့်ပဲ သူ့ခမျာ ဂူထဲကိုရောက်ကတည်းက အသက်တောင်ပြင်းပြင်းမရှူရဲပေ။ အဲ့လူရဲ့ ဒေါသကို သွားစမိမှာကို သူကြောက်လှသည်။

ရလဒ်အနေနဲ့ကတော့ သူ့ဒူးလေးကိုပိုက်ပြီး ဂူထောင့်လေးမှာပဲ ကိုးညဆက်တိုက် ငုတ်တုတ်လေးထိုင်နေရရှာသည်။

စိတ်ဓာတ်ကျနေတဲ့ မှိုသေးသေးလေးလို သူက တစ်လက်မလေးတောင် မ‌ရွေ့ပေ။

ရှီးဟွိုင်က သူ့ကို စိတ်ထဲတောင်မရှိ... တစ်ချိန်လုံးက သူက တိတ်ဆိတ်နေပြီး စကားတစ်ခွန်းမှ မပြောပေ။

ချီမုယောင်ကလည်း သူ့အာရုံစိုက်မှာကို မလိုချင်ပေ။ ရှီးဟွိုင် သူ့ကို ပြဿနာမရှာသရွေ့ သူ ပျော်နေမှာပဲ။

ရုတ်တရက် ဒီအလုံပိတ်အခန်းထဲကနေ အမြန်‌ရွေ့လျားနေတဲ့ အသံ တစ်သံက ပဲ့တင်သံထပ်လာလေသည်။

သူတို့နှစ်ယောက်လုံး ဘယ်သူမှ မရွေ့ပေ။ အဲ့အသံကလည်း ရှီးဟွိုင်ရှိတဲ့နေရာကနေ လာတာမဟုတ်ဘူး။

ချီမုယောင် အသံလာရာအတိုင်း ခေါင်းထောင်ကြည့်လိုက်သည်။ အဲ့နောက် သူက နေရာတစ်ခုလုံးကို သူ့အာရုံခံအစွမ်းနဲ့ ဖြန့်ကြည့်လိုက်သည်။ ဒါပေမဲ့ အဲ့တာ အနီးကပ်မလာခင် သူ့စိတ်ပင်လယ်က တိုက်ခိုက်ခံလိုက်ရသည်။ အဲ့ခံစားချက်က သူ့ခြေဖဝါးအထိ တုန်ခါလာသည်။

The Demon Venerable's Wistful Desire ( Mm tran)Where stories live. Discover now