" The Korean boy met his first love in Milan "
••••••••
Malpensa Airport ✈️
ခြေချလိုက်သည်နှင့်ပုံမှန်ရနေကျအငွေ့အသက်တွေနဲ့မတူတဲ့ခပ်စိမ်းစိမ်းပတ်ဝန်းကျင်။တစ်နည်းသူအရင်ကတည်းကခြေဆန့်ချင်ခဲ့တဲ့ Italy..
Film and Fashion ပိုင်းကိုစိတ်ဝင်စားတဲ့သူ့အတွက်Milanကိုခြေဆန့်ချင်ရတဲ့အကြောင်းအရင်းကားရှင်းသည်။
Fashion Capital ရယ်လို့အများတကာတင်စားရတဲ့အီတလီရဲ့မြို့မှာသူစိတ်ဝင်စားတဲ့အရာကိုတစ်စိုက်မက်မက်နဲ့သင်ယူမယ်။ကမ္ဘာပေါ်မှာအဖော်ရွေဆုံးလူမျိုးတွေဖြစ်တဲ့ Italianတွေရဲ့Cultureကိုအနီးကပ်လေ့လာရင်းဂင်မ်ဂယူဘင်းရဲ့တစ်ထောင့်တစ်ညခရီးသွားခြင်းမှတ်ဉာဏ်စာအုပ်ထဲမှာလှလှပပနဲ့ကဗ္မည်းမော်ကွန်းတင်ထားမယ်....
တွေးထားတဲ့အရာအားလုံးဟာရိုးရိုးလေးပါပဲနွေးနွေးထွေးထွေးနဲ့ကြိုဆိုနေမယ့်စိတ်ကူးထဲကMilanပြည်ကြီးကတော့သူ့အတွက်သက်သေတည်ပေးရလိမ့်မယ်။
အသင့်ပါလာတဲ့Luggageကိုဆွဲကိုင်ရင်းလာကြိုဖို့ခေါ်ထားတဲ့Taxi ပေါ်တက်ဖို့ပြင်လိုက်တယ်။ ခြေလှမ်းတွေကိုတော့ Fashion and Design Capital ဖြစ်တဲ့ Milan ဆီကိုဦးတည်ထားရင်းနဲ့ပေါ့။
••••••••
Milan In Italy
Italianတွေရဲ့အငွေ့အသက်အတိုင်းခန့်ခန့်ထည်ထည်တည်ရှိနေတဲ့အဆောက်အဦးအမြင့်တိုင်းမှာအစိမ်းရောင်သစ်ပင်လှလှတွေကကျကျနနနဲ့နေရာယူထားတယ်။
ဝါကျင်ကျင်မြို့ပြရဲ့လမ်းမထပ်မှာသူ့အလုပ်နဲ့သူခြေများနေကြတဲ့ Italy လူမျိုးတွေ။သူ့အနေနဲ့လည်းကြားဖူးထားတဲ့အတိုင်းမြင်နေရတဲ့Italyရဲ့အလှကြောင့်ဟိုငေးဒီငေးနှင့်အလုပ်များနေမိတယ်။
အသားခပ်လတ်လတ်ဆံပင်နီညိုရောင်ဆိုးထားတဲ့အဒေါ်တစ်ယောက်နဲ့အကြည့်ဆုံမိတော့သူမဆီကနှစ်ကိုယ်ကြားစာလောက်စကားတစ်ခွန်းထွက်လာတယ်။
" Ciao "
နွေးထွေးတဲ့အပြုံးနှင့်နှုတ်ဆက်သွားတဲ့သူမဟာ ကမ္ဘာပေါ်မှာအဖော်ရွေဆုံးဆိုတဲ့Italianတွေရဲ့ဂုဏ်ပုဒ်ကိုဖော်ညွှန်းတယ်။
YOU ARE READING
𝖶𝗂𝗍𝗇𝖾𝗌𝗌 𝖳𝗁𝖾 𝖫𝖺𝗇𝖽 𝖮𝖿 𝖬𝗂𝗅𝖺𝗇 [𝖦𝗒𝗎𝗃𝗂𝗇]
Fantasy。゚゚・。・゚゚。 ゚。𝖪𝗂𝗆 𝖦𝗒𝗎𝗏𝗂𝗇 × 𝖧𝖺𝗇 𝖸𝗎𝗃𝗂𝗇 ゚・。・ 4.7.2023 _@alexolive