"Can you tell me your name?"
•••••••••••
Galleria Vittorio Emanuele II
ကျောပိုးအိတ်တစ်လုံးလွယ်ပြီးအနက်ရောင်ဦးထုပ်ကိုချွတ်လိုက်ဆောင်းလိုက်နဲ့တစ်ယောက်တည်းအလုပ်တွေရှုပ်နေမိတယ်။အရှေ့ကိုနည်းနည်းလျှောက်တယ်။ပြီးတော့အနောက်ကိုပြန်လျှောက်လာရင်းအဖြူရောင်ကောင်လေးလာမယ့်လမ်းဘက်ကိုတစ်ချက်အကဲခတ်လိုက်ပြန်တယ်။
သူစိမ်းတစ်ယောက်ဆီကမရေရာတဲ့စကားတစ်ခွန်းကိုအလွယ်တကူယုံကြည်နေတဲ့သူကအများအမြင်မှာအနည်းငယ်ရူးနှမ်းကောင်းရူးနှမ်းနေနိုင်တယ်။အဲ့အတွက်လည်းသူ့ဆီမှာချေပစရာစကားကရှိမနေဘူး။မှန်သည်။သူဟာအဖြူရောင်ကောင်လေးကြောင့်အနည်းငယ်ရူးနှမ်းနေသည်။ဘဝမှာပထမဆုံးအနေနဲ့အပြုံးလှလှတွေကိုသဘောကျမိတာဖြစ်ပြီးထိုကောင်လေးနဲ့ရေစက်ဆိုသည့်အရာတွေလည်းကျန်စေချင်သေးသည်။
ဆူဆူညံညံပတ်ဝန်းကျင်ကြောင့်သူ့အတွေးတွေကခရီးတော့သိပ်မရောက်လိုက်ပေမယ့်ဒီနေ့တော့အပြာရောင်လေးနဲ့ကြည့်ကောင်းနေတဲ့ကောင်ကလေးကိုနေရာကနေခပ်ရေးရေးလေးလှမ်းမြင်နေရသည်။တစ်ခါတွဲမြင်ဖူးတဲ့စက်ဘီးအနီရောင်လေးကလဲကောင်လေးအနားမှာမပါမဖြစ်။
"ဟေး မင်းပြုံးနေတာကိုငါအဝေးကနေတောင်လှမ်းမြင်နေရတယ်"
အပြုံးလှလှတွေဖောဖောသီသီပေးရင်းရွှတ်နောက်နောက်စကားဆိုတဲ့ကောင်လေး။
"အရမ်းသိသာသွားတာလား"
"အာ....နည်းနည်းပါ"
ရွှတ်နောက်နောက်စကားတွေကိုသံယောင်လိုက်ဖြေတော့အပြာရောင်ကောင်ကလေးကသူ့မျက်လုံးတွေဆီကနေအကြည့်လွှဲသွားတယ်။မျက်လုံးအကြည့်ကို မြေပြင်ပေါ်တွင်သာနေရာပေးထားရင်းအောက်နှုတ်ခမ်းကိုခပ်ဖွဖွကိုက်ပြီးအရှက်သည်းနေပြန်သေးတာ။အခုလိုပုံစံဖြစ်နေတဲ့အီတလီကောင်လေးကချစ်ဖို့ကောင်းလွန်းလို့သူ့အနေနဲ့ဒီနေရာမှာတင်မူးမေ့လဲချင်နေပြီ။
"ငါ့ကိုကြည့်ပါဦး"
ကောင်လေးကခေါင်းတွေကိုငုံ့ထားဆဲ...
YOU ARE READING
𝖶𝗂𝗍𝗇𝖾𝗌𝗌 𝖳𝗁𝖾 𝖫𝖺𝗇𝖽 𝖮𝖿 𝖬𝗂𝗅𝖺𝗇 [𝖦𝗒𝗎𝗃𝗂𝗇]
Fantasy。゚゚・。・゚゚。 ゚。𝖪𝗂𝗆 𝖦𝗒𝗎𝗏𝗂𝗇 × 𝖧𝖺𝗇 𝖸𝗎𝗃𝗂𝗇 ゚・。・ 4.7.2023 _@alexolive