I wanna eat you daddy

3K 71 21
                                    

Yoonkook

ဂင်မင်ယူမိဘမဲ့ဂေဟာရှေ့ဆိုက်ရောက်လာသောအနက်ရောင်ကားတစ်စီး။
ထိုကားပေါ်မှ16နှစ်အရွယ်ကောင်ငယ်လေးတစ်ယောက်ဆင်းလာတယ်။
Min Jaemin အိမ်တော်ရဲ့သခင်ငယ်လေး င်ယွန်ဂီ

"ကလေးတို့ရေ ဒီမှာအလှူရှင်အကိုလေးရောက်ပြီ လာနှုတ်ဆက်ကြပါဦး"

"မင်္ဂလာပါ ကိုကို"

"အင်း စစ္စတာ ဒီအထုပ်တွေအကုန်လုံးကို ကလေးတွေကို ညီတူမျှတူဝေပေးပါဦး"

"ဟုတ်ပါပြီ မင်သခင်လေးရယ် အရင်လိုပဲ တနေကုန်နေမယ်အလား"

"ကျွန်တော်ဒီနေ့လာတာက အရင်နဲ့မတူဘူး ကလေးတစ်‌‌ေယာက်မွေးစားချင်လို့ပါ"

"မင်အိမ်တော်က မွေးစားမယ်ဆိုတော့ အတိုင်းမသိဝမ်းသာမိပါတယ်ကွယ် စစ္စတာကြီး ဒီက ချစ်ဖို့ကောင်းပြီး လိမ္မာတဲ့ကလေးလေးကိုခေါ်ပေးမယ် ကြည့်ကြည့်ပေါ့ကွယ် ဆောင်မင်းလေး လာပါဦး"

"ဟုတ်ကဲ့ စစ္စတာကြီး သားကိုဘာခိုင်းဖို့လဲဟင်"

"တွေ့လား မင်သခင်လေး လိမ္မာရေးခြားလည်းရှိပါ့"

"ဒါဆို ကျွန်တော် ဒီကလေးကိုပဲ...."

"ကိုကို့!!"

"ဟင်"

ချွဲဆောင်မင်းလေးကိုမွေးစားဖို့ပြောတော့မယ်အချိန်မှာ ကိုကိုလို့ခေါ်လာတဲ့ကောင်ငယ်လေး
ဂျစ်ကန်ကန်ရုပ်လေးနဲ့ မျက်ခုံးနှစ်ခုထိလုမတတ်ကျုံ့ပြီးကြည့်နေတယ် ဘာလို့ပါလိမ့်။

"ကျွန်တော့်ကိုပဲမွေးစားပါ ကိုကို"

"ဂျောင်ဂု သား ကိုယ့်နေရာကိုသွားနေစမ်း စစ္စတာကြီးတို့စကားပြောနေတာ မနှောက်ယှက်ရဘူး"

"ကိုကို ပြောနေတယ်လား မကြားဘူးလား"

စစ္စတာကြီးကို အဖတ်တောင်မလုပ်ပဲ ကျွန်တော့်ကို သူ့ကိုမွေးစားဖို့ချည်းပြောနေလေရဲ့။

"ရော် ဒီကလေးနှယ် မင်သခင်လေးရယ် ဒီကလေးကအဲ့လိုပဲ နည်းနည်းဆိုးတေတယ် စစ္စတာကြီးကပဲ ကိုယ်စားတောင်ပန်ပါတယ်ကွယ်"

"နာမည်က ဂျောင်ဂုတဲ့လား"

"ဟုတ်တယ်ကိုကို ကျွန်တော့်နာမည်က ဂျွန်ဂျောင်ဂု"

You've reached the end of published parts.

⏰ Last updated: Jul 05, 2023 ⏰

Add this story to your Library to get notified about new parts!

BTS OTP (18+🚫🌑) Warning + +Where stories live. Discover now