More & More

2.5K 64 17
                                    

ခုကတော့ Yoonmin လေးပါ

မေ့နေတာလား၊မေ့ထားတာလားမသိတော့ဘူး
သူပစ်ထားတာ တစ်ပတ်ရှိပြီ၊ အကြောင်းပြချက်အမျိုးမျိုးနဲ့ပေါ့။
Park Jimin ခြေလှမ်းတွေရှုပ်နေ‌ေသးတာလား၊
ရှုပ်နေမယ်ဆိုရင်တော့ ငါသီးခံမှာမဟုတ်တော့ဘူး။
နာကျင်ခဲ့ပြီးပြီ၊ သေမတတ်ပဲ။ကိုယ်ချစ်ရတဲ့သူက တစ်ခြားတစ်ယောက်နဲ့ပျော်ရွှင်နေတာကို မြင်ရတာ ဘယ်လိုစိတ်နဲ့နေထိုင်ရမှာလဲ။
သူဖောက်ပြန်နေပြီဆိုရင်တော့ ငါတို့နှစ်ယောက်ရဲ့လမ်းခွဲခြင်းက သေလမ်းပဲ။
အတိတ်သာပြန်သွားနိုင်မယ်ဆို ငါ‌မင်းနဲ့ အဲ့နေ့ကတည်းက မတွေ့ဖြစ်အောင်နေမိမှာပဲ။
.
.
.
"ယွန်ဂီ...ဟျောင့်ရေ"

ချိုသာသောအသံဖြင့် လူအိပ်ချိန်အိမ်မှာအော်ဟစ်နေသော ဂျင်ဟျောင်း။

"ဟျောင်း တိုးတိုးလေ ဒါလူအိပ်ချိန်ဗျ အချိန်ကိုကြည့်"

"မင်းကလည်း 11နာရီ စွန်းစွန်းပဲရှိသေးတယ်"

"ဘာလာလုပ်တာလဲ အချိန်မဟုတ်အခါမဟုတ်"

"barသွားဖို့ အဖော်လိုလို့ လိုက်ခဲ့ပါကွာ"

"ဟာ ဟျောင်းကလည်း ကျွန်တော့အိပ်ချင်နေပြီ ဟျောင်းပဲသွားတော့"

"မင်းကလည်း ငါသွားမှာ ခုတလော နာမည်ကြီးနေတဲ့ barနော်၊ ဆိုင်ပိုင်ရှင်ကို သဘောကျလို့ဆိုပြီး လာနေကြတာမှ ပုံလို့"

"အာ့ဆို ဟျောင်းက သွားဘူးမလို့လား"

"ဘူးစရာလား ငါ့မှာNamjoon ရှိတယ်လေ ဟဲဟဲ ဒါက မင်းတွက်သွားမှာ အဲ့တော့ မင်းကအဓိကလူပဲ"

"ရှုပ်ရှုပ်ရှက်ရှက်ဗျာ ကျွန်တော့အတွက် ဘာမှမလိုဘူး ဟျောင်းပြန်တော့"

"မင်းမလိုက်ရင် တစ်ညလို့ မင်းအိမ်ရှေ့မှာ အော်ခေါ်နေမှာနော် မလုပ်ရဲဘူးမထင်နဲ့ မင်ယွန်ဂီ!!!"

"သိပြီ!! အဝတ်လဲဦးမယ် ခနစောင့်"

barရောက်တော့ မထူးစမ်းပါဘူး သာမန်barတစ်ခုပါပဲ ဂျင်ဟျောင်း အပိုပြောပြီခေါ်လာတာပဲထင်ပါတယ်၊ အဖော်မရှိလို့ဆိုပြီး အတင်းသာခေါ်လာတာ ခုကြတော့ သူက သူ့လင်နဲ့သာယာ

"ဘောပဲ ဂျင်ဟျောင်းရေ"

ဆဲသာဆဲရတာ သူကြားမှာလည်းကြောက်ရသေး။

BTS OTP (18+🚫🌑) Warning + +Where stories live. Discover now