after 10 years later
jeon family house.
အချိန် ၁၀ နှစ်ကြာသွားပေမဲ့လဲ ဘယ်အရာမှမပြောင်းလဲသေးဘဲ တည်ရှိနေတဲ့ တစ်ခုတည်းသော နေရာလေးကတော့ jeon family ဆိုတဲ့ မိသားစုအိမ်လေးဘဲပေါ့ အခုဆိုရင်ဒီအိမ်လေးထဲမှာ သိပ်ကိုပျော်ရွှင်နေကြတဲ့ မိသားစုဝင်လေးယောက်ဟာ အတူတကွ ပျော်ရွှင်စွာ နေထိုင်လာခဲ့တာ ၁၀ နှစ်တောင်ရှိနေပြီလေ
အသက် ၅၀ ကျော်လို့မထင်ရလောက်အောင် သန့်တုံး ခန့်တုံး jeon ပါပါးကလဲ သားတွေနဲ့အပြိုင် လိုက်နုနေတော့ အခုချိန်တောင် သားနှစ်ယောက်နဲ့ ပြိုင်ပြီး စော်လိုက်လို့ရနေတုံးလေ
အရင်ထဲက. ထက်ထက်မြတ်မြတ်နဲ့ သဘောမနောကောင်းတတ်တဲ့ jeon မာမားကလဲ အခုချိန်ထိကို ဘားမှမပြောင်းလဲသေး
အခုဆိုရင် ကင်မ်ထယ်ယောင်းဆိုတဲ့ ကျွန်တော်ကလဲ ထိုမိသားစုရဲ့တကယ့်ကို သားအရင်းလေးလိုကိုဖြစ်လို့ အသက် ၂၀ အရွယ်မှာ jeon ပါပါးက appa နဲ့ omma တို့ပိုင်တဲ့အမွေတွေအားလုံးကို ထယ်ယောင်းနာမည်နဲ့ လွှဲပေးခဲ့ပေမဲ့ ထယ်ယောင်းကတော့ ထိုအမွေအနှစ်တွေထက် ဒီမိသားစုလေးကိုသာ ပိုမိုလိုချင်တာမို့ ဒီမိသားစုနဲ့အတူရှိနေမို့ဘဲ ရွေးချယ်ဖြစ်ခဲ့တယ်လေ
တကယ်ကို appa တို့ရဲ့ ဇာပနပွဲမှာပြောခဲ့သလိုဘဲ jeon ပါပါးနဲ့မာမားက. ထယ့်ဘဝထဲမှာ appa နဲ့ omma ရဲ့နေရာကိုအစားဝင်ပေးခဲ့တယ်လေ ဘယ်တုံးပမှ ငါ့မိဘတွေရှိနေသေးရင် ပိုကောင်းမှာလို့ တွေးရလောက်အောင်ထိ ကွာခြားမှု မရှိစေခဲ့ဘူး အမြဲတမ်းသားအရင်းလိုဘဲ ကြွေးမွေးပြုစုစောင့်ရှောက်ပေးခဲ့တာ အဲ့ဒါတွေကြောင့်လဲ ကျွန်တော်က ဒီမိသားစုကို ကမ္ဘာပေါ်မှာ ရှိရှိသမျှ အရာအားလုံးထက်ပိုပြီး ခင်တွယ်ရတာပေါ့
အမှန်တိုင်းဝန်ခံရရင် ကင်မ်ထယ်ယောင်းဆိုတဲ့ ကျွန်တော် အခင်တွယ်ရဆုံး မိသားစုဝင်ကတော့ တလောကလုံးမှာ ချစ်စရာအကောင်းဆုံး ကျွန်တော့်ရဲ့ အသဲနှလုံး ဂျွန်ပိစိလေးပေါ့ဗျာ ၅ နှစ်ဆိုတဲ့အရွယ်ကစလို့ ကျွန်တော့်လက်ပေါ်ကြီးပြင်းလာခဲ့တဲ့ ကလေးလေးက အခုဆို အသက် ၁၅ နှစ်ပြည့်ပြီး လူပျိုပေါက်အရွယ်တောင်ရောက်နေရောပေါ့ အချိန်တွေက ကုန်တာ မြန်လွန်းလိုက်တာ ဒါပေမဲ့လဲ kookie လေးက ကိုကို့အတွက်တော့ အမြဲတမ်းကိုကို့ရဲ့ အသဲအသက် ပူတူတူးလေးပါဘဲ
YOU ARE READING
My Little Brother(Complete)
Fanficjk : ကိုကို့ ကိုချစ်တယ် ညီကိုတွေလိုမဟုတ်တဲ့ ချစ်ခြင်းမျိုးနဲ့ချစ်တယ် taehyung: ဟင့်အင်း ကိုကိုတို့က ညီကိုတွေလေ kookie လေးကစိတ်ကစားတဲ့အရွယ်မို့ ကိုကို့ ကိုချစ်တယ်ထင်နေတာပါ jk: ကျွန်တော့်အချစ်က စိတ်ကစားတာမဟုတ်ကြောင်း ဘယ်လိုသက်သေပြရမလဲကိုကို