"ဒါကလီတို့အိမ်ပဲ အဆင်ပြေသလိုလွတ်လွတ်လပ်လပ်နေလို့ရတယ်နော်"
"လာ မမကိုချယ် ခေါ်သွားမယ် လီလီ မင်း ဂျန်နီအွန်းနီ ကိုလိုက်ပြလိုက်နော် အခန်းကို"
"ဂျန်ဂျန် လီလီအခန်းလိုက်ပြလိမ့်မယ်"
"ဟုတ်"
"သွားမယ် ပေး လီအထုတ်သယ်ပေးပါ့မယ် ဟီး"
"အာ ရပါတယ်ရှင်"
"မဟုတ်တာ လိုတာပေါ့ လီကသယ်ပေးချင်တာကို"
ဘဲနှုတ်ခမ်းတစ်ထော်ထော်နှင့်ပြောသည့်ကလေး ဂျန်ကတော့ပြုံးမိသည် ဒီကလေး ချစ်ဖို့ကောင်းပါလားဆိုပြီး
"လီ့သဘောပါရှင်"
နေရမယ့်အခန်းရောက်တော့>
"ဒါက Jenနေရမယ့်အခန်း ဘေးအခန်းက လီ့အခန်း တခုခုလိုတာရှိရင်လှမ်းခေါ်လိုက်လို့ရတယ်
"ဘန်"
"ဟင်"
"အော် သူများတွေက လီလီ လို့ခေါ်တော့တို့ကမခေါ်ချင်လို့ သူများနဲ့မတူအောင်ခေါ်တာ ဘန်ကမကြိုက်ဘူးလား"
"အာကြိုက်တာပေါ့ ကိုယ်ကြိုက်တဲ့ သူကအဲ့လိုလေးNnပေးတာ ဟီး"
"သဘောကျရင်ပဲကျေနပ်ပါတယ်ရှင်"
"ဘန်ကရောဘယ်လိုခေါ်ရင်ကောင်းမလဲ"
"ဘန့်သဘောပါ အဆင်ပြေသလိုခေါ်ကြည့်"
"ပုလုံးလေး"
"ဟင် အဟွတ်"
-သောက်လက်စရေတောင်သီးသွားသည့် ဂျန်ဒူကီ-
"ဟာ အဲ့လိုခေါ်တာမကြိုက်ဘူးလား"
"ကြိုက်ပါတယ် ဟဲဟဲ"
"မမဆိုရင်ရော.."
"မမနဲ့ဘန်နဲ့"
"လိုက်တယ်မလား မမ"
-လီလီ့အပြောကိုဂျန်ကတမျိုးထင်သွားကာနားရွက်လေးတွေတောင်နီရဲသွားသည်-
"ဟင် လိုက် လိုက်ပါ့"
"ဟီး ဒါဆိုမမနားနှင့် ဘန်လဲအခန်းထဲသွားတော့မယ် "တခုခုဆိုလှမ်းခေါ်လိုက်လို့ရတယ်နော်"
''ဟုတ်ပါပြီ ဘန်ရယ်"
"ခရီးပမ်းလာတာဆိုတော့ရေချိုးထားနော် ပြီးရင် မမညစာစားဖို့ဘန်လာခေါ်မယ်"