Bad boy's doll
အပိုင်း၁
ဝမ်ပါး "ဝမ်ရီပေါ် မင်းပြသာနာမရှာရင်မနေနိုင်ဘူးလား"
ဝမ်ရီပေါ် ပါးဖြစ်သူကသူကိုဆူနေပေ့မဲ့သူကတော့ဖုန်းအကြည့်မပျက်ပေ။
ဝမ်ပါး "မင်းကိုပြောနေတာ ကြားလား"
ဝမ်ဖိုးဖိုး "ငါမြေးကိုချည်းပြောမနေနဲ့ ပြသာနာရှာတော့ဘာဖြစ်လဲ ငါတို့လိုက်ရှင်းမယ်"
ဝမ်ပါး "ပါးတို့အဲ့သလို အလိုလိုက်နေလို့ဒီကောင်ပိုဆိုးနေတာ"
ဝမ်ဖွားဖွား "ဆိုးပါလိမ့်စေ ငါမြေးကြိုက်သလာက်ဆိုးစမ်းပါ့လေစေ"
ဝမ်ပါး "မား "
ဝမ်ဖွားဖွား "မားမနေနဲ့ ငါတို့စည်းစိမ်းငါမြေးတစ်ယောက်ထဲဖြုန်းမဲ့သူရှိတာဖြုန်းပါ့လေ့စေ"
ဝမ်ပါး "ဝမ်ရီပေါ် မင်းအဲ့ဖုန်းချည်းပဲကြည့်
မနေနဲ့ "ဝမ်ပါးတစ်ယောက် လက်ထဲကဖုန်းကိုယူတော့
ဝမ်ရီပေါ် "ပါး ဖုန်းပြန်ပေး"
ဝမ်ပါး "မပေးဘူးကွာ မင်းဖုန်းကိုငါလွင့်ပစ်မယ်"
ပြောပြီ ဧည်ခန်းထဲကငါးကန်ထဲပစ်ချလိုက်တော့
ဝမ်ရီပေါ် "ပါး "
ဝမ်ဖိုးဖိုး "မင်းကလေးကိုအနိုင်ကျင့်တဲ့ကောင် သွားငါအိမ်ပေါ်ကဆင်း"
ဝမ်ဖွားဖွား "ဖွားအသစ်ဝယ်ပေးမယ် "
ပြောပြီလက်ထဲကိုကဒ်တစ်ခုလာပေးတယ်။
ဝမ်ရီပေါ် "ဒီညအိမ်ပြန်နောက်ကျမယ်ဖွား ကလပ်မှာကဲမလို့"
ဝမ်ပါးလည်းပြောပြီ ကားသော့ဆွဲကာထွက်သွားတဲ့ သားဖြစ်သူနဲ့မိဘတွေကြား ကြားထဲကအိမ်ပေါ်ကဆင်းရတော့မလို့ဖြစ်ရသေးတယ်။
(ဝမ်ပါးအတွက်ငြိမ်သက်ပေးကြပါ)..........
ရှောင်ကျန်တစ်ယောက် ကလပ်မှာအလုပ်ဆင်းတာ၃ရက်လောက်ရှိနေပြီဖြစ်တယ်။
မိဘတွေမရှိတော့တဲ့တစ်ကောင်ကြွက်သမားဖြစ်တဲ့အပြင် ကျောင်းကလည်းမပြီးသေးတော့အလုပ်ကောင်းကောင်းမရှာနိုင်ပဲ ကလပ်တစ်ခုမှာ ဝိတ်တာအဖြစ်အလုပ်လုပ်ပြီ သူစားဝတ်နေရေးနဲ့ကျောင်းစရိတ်အတွက်ရှာနေရတယ်။
YOU ARE READING
Bad boy's doll
Fanfictionနှစ်ဖက်ဖိုးဖွားရဲ့တစ်ဦးတည်သောသခင်လေးဝမ်ရီပေါ်က မိဘမဲ့တစ်ကောင်ကြွက်ရှောင်ကျန်ကိုချစ်မိသွားပြီ ရှောင်ကျန်ကပြန်မကြိုက်တော့ အတင်းသိမ်းပိုက်တဲ့ပုံစံလေးပါ။ အမှောင်ပါတယ်🌚🌚🌚