အပိုင်း (8)

1.4K 33 0
                                    

^^ချစ်သောဆရာ^^

အပိုင်း (8)

"ဆရာ Bye Bye..ကားဂရုစိုက်
မောင်းနော်"
"အွမ်း!"

တစ်ခွန်းတည်းဖြေတဲ့ ဆရာ့အဖြေ
ကြောင့်ရှိန်း နှုတ်ခမ်းစူလာကာ။

"ဆရာ ရှိန်းစာမေးပွဲသွားဖြေ
တော့မှာနော်"
"အင်း"

ပြောပြန်ပြီ တစ်ခွန်းတည်း၊ မျက်ခုံး
လေးအလယ်စုကာ နှုတ်ခမ်းစူစူ
လေးဖြင့် လေသံချွဲကာ။

"ဆရာ ရှိန်းစာမေးပွဲသွားဖြေ မှာကို
ကောင်းကောင်းဖြေခဲ့နော် ဖြေနိုင်ပါ
စေ လို့ပဲဖြစ်ဖြစ် တစ်ခုခုပြောပါလား"
"ငါကဘာလို့ပြောရမှာ"
"ဟင်..ဆရာ ဆရာ့အကျင့်မကောင်း
ဘူးကွာ တော်ပြီမပြောတော့ဘူး"
"ခဏ လာအုံး!"
". . . . "

ဘာမှမပြောပဲ နှုတ်ခမ်းသာစူထား
ပြီး သူရှိရာကားမှန် အနားသို့ကပ်
လာသည်။

"အင့်! စာမေးပွဲခန်းထဲမဝင်ခင်
သောက်လိုက် စာတွေမမေ့အောင်
ငါသွားပြီ"

ငှက်သိုက် ဘူးသေးသေးတစ်ပုလင်း
လက်ထဲထည့်ပေးကာ မောင်း
ထွက်သွားသည်။

ဗူးပေါ့ကပ်ထားတဲ့စာရွက်ကိုခွာက
ဖတ်ကြည့်တော့..၊

*ရှိန်း အမှတ်အများဆုံးရမယ်လို့
ဆရာမင်းကိုယုံတယ်။

ပြုံးဖီးဖီးဖြစ်သွားကာ၊ ပါးစပ်
တောင်မစေ့နိုင်တော့ပေ။
ရှိန်းနဲ့ပြောတဲ့အချိန်တစ်ခါမှ
သူ့ကိုယ်သူ ဆရာ"လို့မသုံးခဲ့ဖူး။
ဒီတစ်ခါမှာတော့
*ဆရာမင်းကိုယုံတယ်* တဲ့လား။

ကမ္ဘာ့အပျော်ဆုံးနေ့တွေအချိန်တွေ
ထက်တောင်ပိုသည်။ ဒီတစ်ခုတည်း
နဲ့တင် ရှိန်းကိုအားပြည့်စေသည်။

"အား!ရှဲ့!!ကျစ်~"

အိမ်ထဲဝင်ဝင်ချင်း အာရုံနှောက်စရာ
တွေ ကကြိုဆိုနေသည်။

° ° ° ° ° ° ° °

"ဟီး ဒီတစ်ခါတော့ အမှတ်အများ
ဆုံးရမှာသေချာတယ်..ဆရာ့ကို
ပြောပြရမယ်.."

ရှေ့က Driver ကိုလက်ဖြင့်ပုတ်ကာ။

"မြန်မြန်လေးမောင်းပေးနော်
ဆရာ့ကိုအမြန်တွေ့ချင်ပြီ"
"ဟုတ်ကဲ့ပါသခင်လေး"

^ချစ်သောဆရာ^Season 1 Completed Where stories live. Discover now