^^ချစ်သောဆရာ^^
အပိုင်း (10)
*ဖွားဖွား ဒါတွေကဘာလဲဟင်*
*ပန်းတွေလေ ဒါက Lily ပန်း..
ဒါက Kiss me ပန်း..ဒါက...*
*ပန်းတွေများကြီးဘာလုပ်ဖို့လဲ*
*အဖွားချစ်တဲ့အိမ်တော်ကိုဒီပန်း
လေးတွေနဲ့ အလှဆင်ထားတာလေ
ကဲ...မလှဘူးလား*
*လှတယ်ဖွားဖွား..အမေနဲ့ ဖွားဖွား
တို့ကဒီအိမ်တော်ကိုအရမ်းဂရုစိုက်
ချစ်တာပဲနော်*
*ဒါပေါ့ ဒီအိမ်တော်က မြေးလေးနဲ့
ဖွားဖွားတို့ရဲ့ဘိုးဘေးတွေပိုင်ခဲ့
တည်ထောင်ခဲ့တဲ့အိမ်တော်လေ..*
*အမေနဲ့ဖွားဖွားကဒီအိမ်တော်ကြီးကို
ဒီလောက်တောင် ချစ်တာ နောက် ရှိန်း
ကြီးလာရင် ဖွားဖွားတို့ထက်အများကြီး
ပိုချစ်မယ် ပိုဂရုစိုက်မယ် ပိုကာကွယ်
မယ် ဟီး*
*ငါ့မြေးလေးလိမ္မာလိုက်တာ..
လာပါအုံး ဖွားဖွားကိုဖက်ပါအုံး**ဖွားဖွားရဲ့မြေးလေး အရပ်အရမ်း
ရှည်လာပြီပဲ..သိပ်မကြာခင် ဒီအိမ်
တော်ကြီးကိုဦးဆောင်လို့ရတော့မယ်*
*သားက အမေတို့ထက်ဒီအိမ်တော်
ကိုပိုချစ်ပေးပါ အမေ ကိုချစ်သလို
ဂရုစိုက်သလို အိမ်တော်ကိုလဲဂရုစိုက်
ပေးပါနော် အမေ့သားလေး*ဒီအမှတ်တရာများစွာနဲ့ ပြည့်နေတဲ့
ဒီအိမ်တော်ကို ရှိန်းကမချစ်ပဲနေမလား၊
ဂရုမစိုက်ပဲနေမလား။"ဟင့်...ဟင့်ငီး...ဟင့်...ဟင့်ငီး..."
စာကြည့်ခန်းထဲငိုနေတာ တခန်းလုံး
ရှိန်းရဲ့ငိုသံ ရှိုက်သံတွေနဲ့ပြန့်လို့။
မီးရောင်မဟုတ်ပဲ ရှိန်းဆီတိုက်ရိုက်
ကျနေတဲ့ ဖန်ပြတင်းပေါက်မှအလင်း
တန်းတချို့က အထီးကျန်မှုနဲ့ဝမ်းနည်း
မှုတွေကိုသာယူဆောင်လာပေးသည်
ထင်ပါရဲ့၊ အငိုမတိတ်နိုင်တဲ့အပြင်
ပိုပိုလို့တောင်ငိုမိသည်။"ဟင့်...ဟင့်ငီး..."
အခန်းပြင်မှ ကမ္ဘာ အထဲဝင်ဖို့
တွန့်ဆုတ်နေသည်။
သူ့ကိုယ်သူလဲဒေါသထွက်မိသည်။ခုတောင်ဒီလောက်ငိုနေတာ
သူ ဒီပစ္စည်းအတွက် ရှိန်းအနားကို
ရောက်လာတယ်ဆိုတာသာသိရင်
ရှိန်းလေး ဘယ်လောက်ထိတောင်
စိတ်ထိခိုက်သွားမလဲ။
အပြစ်ကင်းလှတဲ့ ထိုလူသားလေး
ကိုသူမို့လုပ်ရက်နိုင်ပါရဲ့။
YOU ARE READING
^ချစ်သောဆရာ^Season 1 Completed
Romanceဆရာ မှ ဆရာဖြစ်နေသော ရှိန်း နှင့် ခပ်အေးအေး ရေခဲတုံးကြီး ကမ္ဘာ တို့ရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ 18+ Warning မလို့အဆင်ပြေမှ ဝင်ဖတ်ပါရန်။ (သောကြာ စနေ Up ပါမယ်) Author: Cici