Ep.1

738 80 35
                                        

For Unicode....

လောကလှည့်ကွက် ရိုက်ချက်တွေကလေ
ရူးခြင်စရာဘာလို့ အရမ်းကောင်းရတာလဲ
ရှင်သန်ခြင်စိတ်တွေ ဘာလို့ ပျောက်ရတာလဲ

ဒါတွေအကုန်လုံးရဲ့ အဖြေကတခုထဲလေ

"မင်းမချစ်ဖူးသေးလို့
အချစ်ရဲ့ အနှစ်သာရကိုမခံစားဖူးလို့လေ"

အချစ်ရဲ့ အဓိပ္ပါယ်ကလေ

"သူ့နားမင်းရှိရင်ပျော်တယ်
သူမပြုံးနေတာ မြင်ရင်ပျော်တယ်
သူမပျော်နေတာမြင်ရင် ထပ်တူပျော်တယ်
တိတ်တဆိတ်သူမကို ဂရုစိုက်ရရင်ပျော်တယ်"

အချစ်က....

"Ridiculous (စောက်ရေးမပါတာ).."

YG Hight Schoolရဲ့
စာအုပ်ဖတ်ပွဲရဲ့ အနောက်ဘက်ကနေ
မိန်းမငယ်တယောက် အသံ

"အဲ့လိုဇာတ်လမ်းတွေစကားတွေ
အပြင်ဘဝမှာ မရှိတာ ဘာလို့ဖွဲ့နွဲ့နေတာလဲ
ဆရာရာယ်..."

"မင်းကဘယ်သူလဲ မတ်တပ်ရပ်စမ်း..."

ထိုမိန်းကလေးက ဇတ်ခနဲထလိုက်ပြီး

"ကျမပါ ပြောလိုက်တာ..."

ပီကေကို ဝါးရင်း ဆံပင်တချက်သပ်ကာ
ပြန်ပြောလိုက်တယ်

"အော် ဘယ်သူများလဲလို့ မင်းကို
စာအုပ်တွေ စိတ်မဝင်စားရင် ဘာလို့လာနေတာလဲ
အရင်တခါကလဲ မင်းကိုပြောပြီးပြီးလေ"

သူမ ပါးစပ်ထဲက ပီကေကို ထွေးထုတ်လိုက်ပြီး

"ကျမလဲ မတတ်နိုင်ဘူး
ကျောင်အုပ် ယန် က မသွားရင်
အမှတ်လျော့မယ်ပြောတာကို"

"အော် မင်းက ကျောင်းအုပ်ကို
ကြောက်လို့လာတာပေါ့"

"မဟုတ်ပါဘူး
ကျမကြောင့် ကျမအတန်း
အမှတ်လျော့မှာကြောက်လို့ လာရတာ

သေချာတာ ကျမဘယ်သူ့ကိုမှမကြောက်တတ်ဘူး"

"ကောင်းပြီ မင်းအခုဆက်နားမထောင်ခြင်ဘူးမလား
သွားလို့ရပြီ ငါ့အတန်းကနေ ..."

"အိုခေ.. အမှတ်ကရော"

"အပြည့်ပေးထားမှာမလို့ သွားလိုရပြီ..."

သူမက ဆံပင်တချက်သပ်တင်လိုက်ပြီး

"Girls Let's go"

우리(US)Where stories live. Discover now