အခန်း(၁)

6 2 0
                                    

လရောင် မှိုင်းပြပြအောက်မာ နိမ့်လိုက်မြင့်လိုက်ဖြင့် ရင်ထဲသိမ့်ကနဲ ဖစ်သွားသော ခံစားချက်နှင့်အညီ အပင်ကြီးတစ်ပင်ပေါ အမှီပြုပီး ကြိုးတန်းထားသောအနေအထားဖြင့် ပန်းတွေဖြင့်ရစ်ပတ်ထားသည့် ဒန်းပေါတွင် "ရွှေရောင်"ရောက်နေသည်ကိုသတိထားမိလိုက်သည်။ စိတ်ထဲမှာတော့ ရင်းနှီးဖူးတဲ့ နေရာတခု ဝေးကွာနေတာ ကြာပြီဖစ်သော နေရာတခုကို ပြန်ရောက်နေတဲ့ ခံစားချက်မျိုး ရင်ထဲ နွေးပီး ပျော်ရွှင်မှု လွမ်းဆွေးမှု အပြည့် ဖြင့်ရောထွေးနေသည်။

ခပ်လှမ်းလှမ်းအနေအထားလောက်မှာ တောင့်တောင့်ဖြောင့်ဖြောင့် ယောကျာ်းတယောက် ရွှေရောင်ဆီကို တဖြည်းဖြည်းချင်း လှမ်းလျှောက်ကာလာနေသည်။....လရောင်အောက်တွင်မို့ ထိုအမျိုးသားရဲ့ မျက်နှာအားအတိုင်းသားမြင်နေရသည်။
...မျက်ဆံနက်နက် မျက်ခုံးမွှေးထူထူလေးထောင့်ကျကျ မျက်နှာပုံစံဖြင့် ဘော်ဒီနှင့်အချိုးကျကာ ရွှေရောင် စိတ်ထဲတွင် ဗွီဒီယိုဇာတ်ကားတွေထဲမ ဒဏ္ဏာရီလာ မင်းသားပုံစံမျိူး ဝတ်စားပုံမှာ ရှေးခတ်အဝတ်အစားဖြင့် ရွှေရောင်ဆီသို့ ဦးတည်ကာ ပြုံးပီးတန်းတန်းမတ်မတ် လာနေ၏။ထိုသူ ရွှေရောင် အနားရောက်လာပြီး ရွှေရောင်ကိုမြင်တော့ မျက်ရည်တွေစီးကျလာပီး ဒန်းပေါ ထိုင်နေသည့် ရွှေရောင်ရဲ့အနားတိုးလာကာ ရွှေရောင်ရဲ့ပါးလေးပေါကို သူ၏လက်ကလေးဖြင့် ဖွဖွလေးကိုင်ကာ နှုတ်ခမ်းလေးအား တယုတယ နမ်းရှိုက်သွားသည်။.........

ဖြတ်ကနဲနိုးလာသည့်တိုင် ရွှေရောင်ကိုယ့်နှုတ်ခမ်းကိုပြန်စမ်းကြည့်ပီး ရင်ထဲမာနွေးသွားတဲ့ခံစားချက်လေးက နိုးလာသည်ထိရှိနေဆဲ ဘေးနားမှ ဖုန်းကို တချက်ယူကာ "ဟာ...သွားပီ...နောက်ကျနေပီ"
ထိုစဉ် "ဝုန်း" ..... ဟူသော တံခါးဖွင့်သံနှင်အတူ
"ဟဲ့..... မိရွှေရောင်" မထသေးဖူးလား.........နေဖင်ထိုးနေပီဟဲ့ သိရဲ့လား...... ဟူသော ရွှေရောင်မိခင်ဒေါစန်းမြမှ အခန်းထဲဝင်လာသည်။ရွှေရောင် နိုးနေပါပီ မေမေ"။ထိုအခါမှ မိခင် ဒေါစန်းမြက "သမီးလေးရယ် မိန်းကလေးဆိုတာ ၁၀နာရီ အထိ မအိပ်ရဖူး သမီးလေးရဲ့" မေ့မေ့မာ ဒီသမီးလေးတယောက်ထဲရှိတာ စောစောစီးစီးထ ဘုရား ဝတ်ပြုစေချင်တဲ့ စေတနာနဲ့ပါ မေမေက" ။သမီးလေး "ရွှေရောင်" စိတ်ဆိုးမှာကိုတော့ မလိုလား ခက်ခက်ခဲခဲနဲ့ ရထားရသည့်ကလေး" မွေးကတည်းက မိခင်ကိုဒုက္ခမပေးခဲ့သည်ကလေး ကောင်းခြင်း ငါးဖြာနှင့်ပြည့်စုံပီး မွေးကတည်းက ထူးခြားမှူတွေနဲ့ ဆက်တိုက် မွေးလာသည့်ကလေး" ။

A lover from other lifeWhere stories live. Discover now