အပိုင်း(၂)

4 1 0
                                    

မဆီမဆိုင် ဒေါစန်းမြ၏အတွေးတွေက လွန်ခဲ့တဲ့ ၁၈နှစ်လောက်ဆီကို
ပြန်ရောက်သွားခဲ့သည်။
"ထိုဘုန်းကြီးဆီမှ ပြန်လာပီး ဘုန်းကြီးမှာသည့်အတိုင်း အလှူအတန်းတွေလုပ်တိုင်း ပငှါန်းဆက်တွေကို မေတ္တာပို့ အမျှဝေ နေ့စဉ် မပျက် ပြုလုပ်ခဲ့တာ တညမှာတော့ မစန်းမြ အိမ်မက် မက်လေပီ။....."အိမ်မက်ထဲတွင် မစန်းမြ ရေကန်ကြီးရဲ့အလယ်တခုကို ရောက်နေပီး သူမ၏ဘေးတွင် လူတရပ်မက ကြီးမားသောကြာပန်းအဖြူကြီးရှိနေပီး စပ်စုချင်သည့်စိတ်ဖြင့် ကြာပန်း အဖြူကြီးဆီအားသွားပီးကြည့်ရာ ပွင့်ဖက်ကြားထဲတွင် အလွန်လှပသော ငယ်ရွယ်တဲ့အမျိူးသမီးတယောက် နက်မှောင်သော ဆံနွယ်များဖြင့် ပါးလွှာသော ရွှေရောင်ပိုက်ပါးအစ ဖြင့် ချုံလွှမ်းထားကာ ထိုင်မသိမ်းဝတ်ထားသည်။အေးချမ်းသော အလှပိုင်ရှင်အမျိုးသမီးမှ"မေမေ တို့ဆီ သမီးကိုလာနေခွင့်ပြုပါနော်"မစန်းမြကလဲ ဝမ်းပမ်းတသာ ဖြင့် လာနေပါသမီးရယ် မေမေမျှော်နေပါ့မယ်"ဟုပြောလိုက်ပီး အိပ်ရာမှ လန့်နိုးသွားခဲ့သည်။ချက်ချင်း ဘေးနားအိပ်ပျော်နေသော ယောကျာ်းဖစ်သူကို နှိုးပီး "ကိုကြည်ရေ ထစမ်းပါဦး ကျွန်မ အိမ်မက် မက်လို့ ဘုန်းကြီးပြောတာ မှန်ပီတော်ရေ့။ကျွန်မတို့ ကလေးရတော့မယ်တော့ "ကိုကြည်မှ အိပ်ချင်မူးတူးဖြင့် မိန်းမရယ် မင်းဟာက ဟုတ်လို့လားကွာ အိမ်မက်လေးမက်တာနဲ့ ကလေးကရတော့မာလား"ဟုပွစိပွစိပြောပြီး ပြန်အိပ်ပျော်သွားသည်။ မစန်းမြ ထင်သည့်အတိုင်းနောက်နေ့ ဆရာဝန်ဆီစစ်ကြည့်လိုက်တော့ အမှန်တကယ် ကိုယ်ဝန်ရရှိနေသည်။ ကိုယ်ဝန်စရှိသည်ဟု သိရသည်နှင့်တပြိုင်နက် ကိုကြည်နဲ့ မစန်းမြတို့ စီးပွါးရေးအသိအသာ ပြေလည်ခဲ့ရသည်။အမှန်တကယ်မွေးလာသည့်ကလေးလေးမှာလဲ အိမ်မက်ထဲကအတိုင်း အသားဖြူဖြူဖွေးလေးဖြင့် ဗိုက်ထဲက ထွက်လာသည့် နှင့် ချောလိုက်တာ ကလေးလေးက ဟု ဆရာဝန်တွေနာစ့်တွေက ချီးကျုးရလောက်သည်အထိ သမီးလေးမှာ အလှတွေပြည့်စုံလွန်းခဲ့သည်။ မစန်းမြလဲ အိမ်မက်ထဲက မိန်းမပျိူလေးဝင်စားသည်ဟု မှတ်ယူပီး သူမနှင့်လိုက်ဖက်သည့် "ရွှေရာင်" ဆိုသည့်နာမည်လေး ပေးခဲ့သည်။ မွေးကတည်းက မိခင်အပေါ ဒုက္ခပေးသည်မရှိဖဲ သိတက်စအရွယ်ရောက်လာတော့လဲ ပညာရေးမှာ ထူးချွန်ကာ ၁၀တန်းကို ဂုဏ်ထူး ၃ဘာသာဖြင့် အမှတ်ကောင်းကောင်းအောင်ခဲ့သည်။ သမီးလေးရွှေရောင်မှာ သူ့ကံလေးနဲ့သူ အထိုက်အလျောက်ပြည့်ပြည့်စုံစုံနေခဲ့ရပီး တစ်ဦးတည်းသော သမီးလေးမို့ မိဘတွေအလိုလိုက်ထားသမျှ ဂျစ်တိုက် နွဲ့ဆိုး ဆိူးတာလေးတွေတော့ရှိသည်။ အခုတွင်လဲ "မေမေကလဲ ရွှေရောင်မနေ့က စာလုပ်နေတာ ညည့်နက်သွားလို့ပါ ဒီနေ့ ကျောင်းမှာ tutorial ရှိတယ်လေ"ဟုပြောရင်းဆိုရင်း ပြာယာ ပြာယာဖြင့် နောက်ကျနေပီဟုဆိုကာ လုပ်စရာရှိတာတွေ ကို ကပျာကယာလုပ်နေ၏ ။ မေမေ "ရွှေရောင် ထူးဆန်းတဲ့ အိမ်မက် မက်တယ်သိလား မေမေ့ကို ပြန်လာမှ ပြောပြတော့မယ်" တာ့တာ့ဟုဆိုကာ ကားကို မောင်း၍ ကျောင်းကိုထွက်လာခဲ့သည်။
ရွှေရောင်သည် UFL ကျောင်း English major ဖြင့် ပထမနှစ် တက်ရောက်နေသည့်ကောင်မလေးဖစ်သည်။ရွှေရောင်၏ အလှကြောင့် ကျောင်းတွင် ပိုးပန်းနေသူ ကောင်လေး အများအပြားရှိသော်လည်း ရွှေရောင် စိတ်မဝင်စား ရွှေရောင် "ကိုယ်နဲ့ ကိုက်ညီသည့် ကောင်လေးတယောက် ရွှေရောင်နား တချိန်ချိန်ရောက်လာမာပါဟု အမြဲတမ်းယုံကြည်ထားသည်။အတန်းထဲရောက်သည်နှင့် "ရွှေရောင်ရယ် နောက်ကျလိုက်တာ ငါဖြင့်ဒီနေ့ မလာတော့ဖူးတောင် ထင်ထားတာ "ရွှေရောင်သူငယ်ချင်း မာမာစိုး မှ စိတ်ပျက်လက်ပျက်အသံဖြင့် ပြောနေသည်။ ရွှေရောင်နှင့်မာမာစိုးတို့ မှာ ငယ်ငယ်ကတည်းကခင်လာကြပီး သွားအတူ စားအတူ ဆိုးတူ ကောင်းဖက် ရင်းနှီးလာကြသည်မာ ဆယ်စုနှစ်တခုတောင်ရှိတောမည်ဖစ်သည်။ရွှေရောင်မှ"ငါအိပ်ယာထ နောက်ကျသွားလို့ပါဟယ် ငါ့မေမေလာနိုးမ နိုးတယ်"ဟယ်"ပီးတော့...နင့်ကိုပြောပြရဦးမယ်" ...."ငါအိမ်မက် မက်တယ်သိလာ:"..."အိမ်မက်ထဲက ငါ့ကိုလာနမ်းသွားတဲ့ကောင်လေးက အရမ်းချောတာပဲဟယ်" နင်သာ မြင်လိုက်ရရင် ပိုတောင်ကြွေသွားဦးမယ်"".....
🤍🤍🤍🤍🤍

You've reached the end of published parts.

⏰ Last updated: Jul 12, 2023 ⏰

Add this story to your Library to get notified about new parts!

A lover from other lifeWhere stories live. Discover now