ခုလို မိုးတွေရွာရင် ရှင့်ကိုသိပ်သတိရတယ်
ရှင်ကတော့ ခုချိန်ဆို မေ့လောက်ပြီပေါ့
ကျွန်မကတော့ ခုထိအမှတ်ရနေတုန်းပဲ
မိုးရေတွေထဲမှာ ပထမဆုံး တွေ့ခဲ့ရတဲ့ရှင့်ကို
မိုးရေတွေထဲမှာဘဲနောက်ဆုံးတွေ့ခဲ့ရတယ်
ရှင်လွှတ်ချခဲ့တဲ့ ကျွန်မရဲ့လက်တစ်စုံဟာ
ခုထိရှင့်လက်ကလေးရဲ့ အငွေ့အသက်တွေ
ကျန်နေသေးတယ် ဒီဘဝမှာတော့ ကျွန်မက
ရှင့်ကို အမြဲသတိရပြီးပဲ နေနေရတော့မှာ
နှုတ်ဆက်ထွက်ခွာသွားတဲ့
ရှင့်ရဲ့ကျောပြင်လေးဟာ ကျွန်မအတွက်
မမေ့နိုင်တဲ့ပုံရိပ်လေးပါပဲ
ရှင့်ကို အမြဲတမ်းသတိရနေမဲ့ သူဟာ
ကျွန်မပါဘဲ ရှင်ရယ်13.7.2023 (3:11)
ရွက်ကြွေဖြူ