​နောင်တရမှု

1K 33 6
                                    

သွေးလက်​ရေး၀ိုင်း၀ိုင်း​လေး​တွေနဲ့​ရေးထားတာ

" ကိုကို့ ကိုမြတ်နိုးယာကတကယ်မချစ်ဘူးတဲ့​လေ"

​သွေးငယ်က ဘာလိုဒီလို​ပြောရတာလဲ။​သွေးငယ်ရဲ့ဒိုင်ယာရီစာအုပ်ကို ဆက်ပြီးဖတ်ရန်​နောက်တစ်ရွက်လှန်လိုက်​​သောအခါ ​တွေ့လိုက်ရသည်က ယာနှင့်အမျိုးသားတစ်​ယောက်၏ဓါတ်ပုံများ​ကြောင့် သက္ကရာဇ်မင်းမြတ်တစ်​ယောက်"မဟုတ်ဘူး မဖြစ်နိုင်ဘူး"ဟုသာ​ရည်ရွတ်​နေမိ​တော့သည်။

Ti...Ti..《Ph ring》

"Hello"

" ​​မောင် ဒီ​နေ့ယာတို့ညစာတူတူစားရ​အောင်​လေ"

"အင်း စားကြမယ်​လေ ကိုယ်လာ​​ခေါ်မယ်"

"ယာ့ အိမ်မှာပဲစားကြမယ်​မောင်။ ဒီ​​နေ့​ မောင့်ကိုယာ
ကို​ယ်တိုင်ချက်​ကျွေးချင်လို့"

"ဟုတ်ပြီ ကိုယ်ည​နေလာခဲ့မယ် ယာ"

"ဒါဆို ညမှ​တွေ့မယ်​နော် ​မောင်"

"အင်း ယာ"

At Night,

Ti...Tong...

"​မောင် လာပြီလား။ ယာ က​မျှော်​နေတာ"

"အင်း"

"​မောင် ​နေမ​ကောင်းဘူးလားဟင်။မျက်နှာလည်းမ​ကောင်းဘူး"

" ကိုယ်တို့စကား​ပြောဖိုလိုပြီ။ဒါ​တွေအတွက် ဘယ်လို​ဖြေရှင်းချက်​ပေးချင်သလဲ ယာ"ဟုဆိုကာ လက်ထဲကစာအိတ်ကို​ပေးလိုက်​လေသည်။

"ဒါက ​ဘာလဲ ​မောင့်!!!"
မြတ်နိုးယာစကား​ပြော​နေရင်းစာအိတ်​ဖောက်ကြည့်လိုက်​တော့အလန့်တကြား​အော်မိလိုက်သည်။
စာအိတ်ထဲက သူနှင့်သူ့​ကောင်​လေး၏အမြင်မ​တော်သည့်ပုံများစွာ ကိုကြည့်ရင်း "အဟက်" ​လှောင်ပြုံးပြုံးမိလိုက်သည်။

"ကိုသက္ကရာဇ်မင်းမြတ်က သိသွားပြီကို"

"ဘာ!!!
မြတ်နိုးယာ မင်းဘာ​ကြောင့် ငါ့ကိုလိမ်ခဲ့ရတာလဲ"
သက္ကရာဇ်​ဒေါသထွက်စွာ မြတ်နိုးယာ၏ပုခုံးကို လှုပ်ကာ​မေးလိုက်သည်။

"သက္ကရာဇ်မင်းမြတ်ဆိုတဲ့နင်နားမှာ ဘယ်သူမှမရှိအောင်လုပ်ချင်လို​လေ။ ဟား ဟား"

Thawe Nge❣️Where stories live. Discover now