Part 1

260 25 5
                                    

ALWAYS
Part -1

နွေရာသီ ကျောင်းပိတ်ရက် တစ်ခုမှာ ကျတော်တို့ သူငယ်ချင်း သုံးယောက် စတင်တွေ့ခဲ့ကြတယ်။
စတွေ့ခဲ့တာလေးကလည်း အဆန်းသားလား။
မိဘတွေက နောက်မျိုးဆက်အတွက် မိတ်ဆုံစားပွဲတဲ့။
ခများတို့ ကြားဖူးလား။

ကဲ ကျတော်တို့ ညီကို သုံးယောက်ရဲ့ ကမ်းခြေ vlog လေးကနေ ကြိုဆိုလိုက်ပါတယ် ယောရောဘောတို့!!!!!!!!!!

လေးထောင့်ဆန်ဆန် အပြုံးတို့နဲ့အတူ နှုတ်ဆက်သံ ခပ်ကျယ်ကျယ်ဟာ ရုံးခန်းထဲက စားပွဲပေါ် တင်ထားသည့် လပ်တော့ထဲက ထွက်လာနေသည်။
ထိုလပ်တော့ရှေ့ ထိုင်နေသူဟာ သူ့ရဲ့ နက်ခ်တိုင်ကို ဖြေလျှော့လိုက်ပီး ခုံပေါ် ကျောမှီကာ ထိုင်ချလိုက်သည်။
ထိုနောက် ထိုလူဟာ လပ်တော့ရဲ့ ဘေးဖက်ကို ခုံအားလှည့်ထိုင်လိုက်ပီး မှန်တို့ဖြင့် ကာရံထားသည့် အပြင်ဖက်က ကောင်းကင်သို့ တစ်ချက်မျှ ကြည့်ကာ တဖန်ပြန််၍ လပ်တော့ကို စိုက်ကြည့်နေပြန်သည်။

အပွင့်အဖတ်တို့ဖြင့် ကမ်းခြေစတိုင် အင်္ကျီနဲ့ ထိုကောင်လေးရဲ့ နောက်မှာ စွယ်ကျယ်လက်ပြတ်နဲ့ ဂျေဂျေ ဘောင်းဘီကို ဝတ်ဆင်ထားတဲ့ ဗလကြီးကြီး ကောင်လေး တစ်ယောက်နဲ့ အတူ  အပေါ်ပိုင်း ဗလာကျင်းဖြစ်နေတဲ့ ခပ်သေးသေး ကောင်လေးတစ်ယောက်။
ထိုခပ်သေးသေး တစ်ယောက်ဟာ သေးပေမယ့် ဇ ရှိကြောင့် ခပ်ရေးရေး ဆိုတာထက် ထင်းထွက်နေအောင်ကို ဗိုက်ကြွက်သားတို့ဖြင့် ပရိတ်သတ်တို့အား နှုတ်ဆက်နေသည်။

အရင်ဆုံး ကျတော့်ကို ကျတော် မိတ်ဆက်ပါအုံးမယ်။
ကျတော့်နာမည် ထယ်ယောင်း။
သုံးယောက်ထဲမှာ ကျတော်က အလတ်ကောင်ဆိုတာ မှတ်မိတယ်မလား။
အကြီးကောင်က ဂျီမင်း။
အငယ်ကောင်က ဂျောင်ဂု။
( ကျတော်တို့က ညီကိုတွေလို ခင်ခဲ့ကျတယ်။
တကယ်လည်း ခုချိန်ထိ ညီအကိုလိုပါပဲ။ )
ကျတော်တို့ စတွေ့တုန်းက ကျတော်တို့ အသက်ငယ်ငယ်လေး ရှိသေးတာ။
၅ နှစ်လား ၆ နှစ်လားပဲ။
ထယ် - ( အကြီးကောင် )
ဂျီမင်း - ( အမ်းးးးးးးး )
ထယ် - ( ငါတို့ ဘယ်တုန်းက စတွေ့လဲ )
ဂျီမင်း - ( ၅ နှစ်ထင်တယ် )
ထယ် - ( ဟုတ်တယ်မလား ၅ နှစ်နော် )
ဂျီမင်း - ( အင်း။ အဲတုန်းက အငယ်ကောင်က နပ်ချီးတွဲလောင်း ဒိုင်ဘာကြီးနဲ့ ၃ နှစ်ခလေးလေ )
ထယ် - ( အငယ်ကောင် မင်းမှတ်မိလား )
ဂျောင်ဂု - ( ဟမ် ဘာကြီး )
ဂျီမင်း - ( မင်း နပ်ချီးတွဲလောင်းနဲ့ ၃ နှစ်အရွယ်ကိုလေ )
ဂျောင်ဂု - ( အာ Hyung!!!!!!!!!!!!! )
ဂျီမင်း , ထယ် - ( ဟားဟား )

ALWAYS ( ongoing )Where stories live. Discover now