သူစိမ်းတို့ရဲ့အလယ်မှာ

3.4K 54 0
                                    

(၄)

""ကျွတ်စ်!!! အင်းးးး""

ဘယ်အခြေအနေရောက်ရောက် ကျောပူလာရင် မအိပ်တတ်သည့်အကျင့်ကစွဲနေတာမို့ ချွေးစို့လာသည်နှင့် ဟန်သစ် လှဲ၍မနေနိုင်တော့ပေ။ နောက်ထပ် ဖျာပေါ်မှာ မအိပ်တတ်တာကြောင့်လည်း ပါပါသည်။ ထို့ကြောင့် ကောင်းနေသည့် ညာဘက်လက်ကို အားပြုကာ ကိုယ်ကို ထူမတ်လိုက်ရသည်။ ကျွန်းဗီရိုကြီးကို နံရံအဖြစ်ထားရှိအသုံးပြုထားတာဆိုတော့ မှီရတာ သက်သောင့်သက်သာရှိ၏။ သို့သော် ဒီအိမ်က ဘယ်သူ့အိမ်လဲ။  ဒီအိမ်ကို သူဟာ ဘယ်ကိုရောက်နေခဲ့တာလဲ။ လုပ်ကြံခံစဉ် ဘယ်ဘက်လက်ကိုသေနတ်ထိပြီး ချောက်ထဲပြုတ်ကျခဲ့သည်။ သေပြီမှတ်ထားသော်လည်း အခုကျ အသက်ရှင်နေသေးတာမို့ တစ်ဦးဦး၏ ကိုယ်ချင်းစာဖေးမကူညီမှုကြောင့်ဖြစ်လိမ့်မည်။ ဘယ်ဘက်လက်နှင့် နဖူးဆီမှ နာကျင်မှုက ဖြိုးဖြိုးဖြစ်ဖြစ်မြည်အောင်ကို ကိုက်ခဲနေသည်။ ထို့ကြောင့် ဟန်သစ် နားထင်ကို လက်ဖြင့်ဖိနှိပ်ရင်း ငြိမ်နေရတော့......။

"'ဒေါက်!!"'"'

"လူလေး!!"

""ဗျာ!!""

ပြတင်းပေါက်ကိုဖွင့်လိုက်တာ ရှင်းလင်းသွားသည့် မြင်ကွင်းအောက် ဆေးပေါ့လိပ်ကိုခဲကာ စကားပြောလာသည့် အသက်ကြီးကြီး လူတစ်ယောက်ကို တွေ့လိုက်ရတာမို့ ဟန်သစ် ဗျာခနဲ ထူးပေးလိုက်သည်။ အညာဆင် အထည်စကို ခေါင်းပေါင်း ပေါင်းထားပြီး ဆေးပေါ့လိပ်ဆီမှ မီးခိုးငွေ့တလူလူကြား၌ ထိုလူကြီး၏ မျက်နှာကို ထင်ထင်ရှားရှားမြင်နေရလေ၏။ ကြည့်ရတာ အသက်၆၀နားနီးနေလောက်ပြီထင်သည်။ မည်းညိုနေသော အသားအရည်နှင့် ဆေးပေါ့လိပ်ကိုင်ထားသည့် လက်တွေက အကြောအမျှင်တွေပေါ်သည်အထိ ပိန်ခြုံးနေရှာသည်။ ဒီအဘကိုတွေ့မှ ကိုယ့်ကိုယ်ကိုယ်ပြန်ငုံ့ကြည့်မိသည်။ သူဝတ်ထားတဲ့ အဝတ်အစားက လုံချည်နဲ့ လက်ပြတ်အင်္ကျီတထည်ဖြစ်နေ၏။ ဒါဆို ဒီအဘက သူ့အသက်ကို ကယ်ပေးခဲ့သည့် ကျေးဇူးရှင်ပေါ့။

"မနေ့ညနေက လူလေးကို တွေ့တွေ့ချင်း ဆရာဝန်ပင့်ပေးထားခဲ့ပါတယ်ကွယ် သေနတ်ထိထားတဲ့ ဒဏ်ရာနဲ့ နဖူးကဒဏ်ရာအတွက် ဆေးတွေပေးသွားတယ် ငှက်ဖျားအတွက် ကာကွယ်ဆေးထိုးသွားပေးတယ်ဆိုလားပဲ နားမလည်ပါဘူးကွယ် အဘရဲ့ သမီးလေးပဲ သေချာပြောတတ်မယ်"

သူစိမ်းတို့ရဲ့အလယ်မှာ(COMPLETE)Where stories live. Discover now