သူစိမ်းတို့ရဲ့အလယ်မှာ
(၁၂)
"'နင် နင် နော်"'
ရင်ဘတ်ကို လက်သီးနှင့် ထုပြပြီး ခြေလှမ်းကြဲကြီးတွေဖြင့် အရှေ့ကို တိုးသထက်တိုးလာသည့် သူ့ကြောင့် ရတနာ အဆင်သင့် နောက်ဆုတ်လျက်သားဖြစ်သွားရ၏။ အရပ်မြင့်မြင့်ကြီးက မိမိရဲ့ ခန္ဓာကိုယ်ကို အုပ်မိုးလာတော့ လူက အလိုလိုနေရင်း ပုပေးရပြန်သည်။ တကယ်တော့ သူကသာ မဟားတရားကြီး မြင့်နေတာပါ။ ရတနာ ပုတာမဟုတ်ပါဘူး။ ညို့ငင်ဖမ်းစားနေသည့် မျက်ဝန်းညိုတွေအောက် ကျဆုံးနေရမြဲမို့ သူ့အကြည့်တွေကို သွေဖယ်ရင်း မသိချင်ယောင်သာဆောင်နေလိုက်သည်။ သူ့ကိုပဲယူတဲ့လေ။ ကျေနပ်လိုက်တာ။
""ဟင်းးးး ဒါက ကလေးကစားစရာကိစ္စမဟုတ်လို့ အဲ့တာလေးတော့ သနားခံပါရစေ ကျုပ်ကလွဲပြီး တခြားသူကိုမယူပါနဲ့နော်""
"'အေး မယူဘူးလေ နင့်ကိုပဲယူမှာ"'
ခါးကနေ သိမ်းယူဆွဲဖက်ရင်း ပြောလာသည့် သူ့စကားများကြောင့် စဉ်းစားစရာမလိုတော့တဲ့အထိ ယုံကြည်မှုနှင့် ပြန်ဖြေလိုက်သည်။ သူ့ရင်အုပ်ကျယ်ကြီးထဲ တိုးဝင်ရင်း သူ့ခါးကိုကျစ်နေအောင် ဖက်ထားလိုက်တော့ သူကလည်း ပိုတိုးပြီးဖက်ထား၏။ တခြားတစ်ယောက်ကို မယူဖို့တော့ သူပြောသည်။ သူကျတော့ ရတနာ့ကို ချစ်တယ်လို့ မပြောဘူး။
""အင်းပါ အဲ့သလိုတစ်နေ့ရောက်ဖို့ အထိ စောင့်နေပေးနော် ကျုပ်ပြန်လာခဲ့မယ် သိလား ကတိပေးတယ်""
"'ဟင့်အင်း ဟင့်အင်း မရဘူး ဟင့်အင်း"'
""နော်""
ဝိုင်းစက်နေသည့် မျက်ဝန်းတွေနှင့် မရဘူးဟုသာ တတွင်တွင်ငြင်းနေသည့် သူမ၏ ပခုံးတွေကို ဖျစ်ညှစ်ဆုပ်ကိုင်ရင်း ဒိုး အသနားခံကာ တောင်းဆိုရတော့သည်။ သို့သော် သူမသည် ခေါင်းခါမပျက်သွားပေ။ ဖက်ထားသည့် လက်ကိုသာ လွှတ်ပေးပြီး အင်္ကျီစကိုဖြင့် တုပ်ဆွဲထားပြန်သည်။ လုံးဝမလွှတ်တော့။ မဖြစ်ပါ။ သူမကို လုံးဝခေါ်သွားလို့မရဘူး။ အညတရ သူ့ဘဝထဲကို သခင်မဆိုသည့် သူမသည် ဘယ်လိုအကြောင်းကြောင့်မှ ဝင်လာစရာမလိုပါ။ ထို့ကြောင့် သူ ထွက်သွားရမည်။ တစ်ကိုယ်တည်း တကာယ ထွက်သွားတော့မည်။ ဒါသည် အဖြစ်သင့်ဆုံးသော လုပ်ရပ်။

ESTÁS LEYENDO
သူစိမ်းတို့ရဲ့အလယ်မှာ(COMPLETE)
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းမှာ ဆုံကြပြီး မှောက်မှားသွားကြတဲ့ သူတို့နှစ်ဦး။ ဒါပေမဲ့ သူ့ တာဝန်ရှိတယ်ဆိုပြီး မဏိသက်ကို တာဝန်ယူပေးလိုက်တဲ့ သွင်ဟန်သစ်က သူ့သားကို လက်ကမချတာပါ။ မိန်းမကိုလည်း ရှယ်ချစ်တာတွေမြင်ရ ဖတ်ရ စောင်ကိုက်ရမှာပါ။ ပြီးတော့ ခပ်မ...