(၁၈)
""ဗုဒ္ဓေါ!!! အသက် ဘယ်လို ဘယ်လိုတွေ ဝတ်လာတာလဲ""
မမငယ်ရဲ့ အခန်းထဲမှ ယက်ကန်ယက်ကန် ထွက်လာသည့် အသက်၏ အဝတ်အစားပုံစံကိုကြည့်ပြီး ဟန်သစ် မျက်လုံးတွေပါ ပြာဝေသွားရသည်။ အဝတ်အစားလဲနေတုန်း အတင်းလာခေါ်သွားသည့် မမငယ်ကြောင့် မပူရတော့ဘူးထင်ခဲ့တာ အခုကျ အထင်နဲ့အမြင် တလွဲဆီဖြစ်နေ၏။ ကြည့်ပါဦး။ မမငယ်ရဲ့လုပ်ပုံကို။ ထဘီနဲ့ရင်ဖုံးသာ အမြဲတစေဝတ်သည့် အသက်ကို ပေးဝတ်ထားသည့် ပွဲတက်ဂါဝန်ရှည်ရှည်ကြီးဖြစ်သည်။ မိတ်ကပ်ရောင်ကိုမှ မျက်စိမရိုင်းစေပဲ ခပ်ဖျော့ဖျော့အရောင်လေးကို ဝတ်ထားကာ ရင်တစ်ခုလုံး ဗလာကျင်းဖြစ်နေသည်။ ခါးသိမ်သိမ်လေးမှာမှ အစည်းလေးနဲ့မို့ ကောက်ကြောင်းလှလှတွေနှင့် ခန္ဓာကိုယ်က အထင်းသားပေါ်နေ၏။ ထို့အပြင် လက်ကလည်း တစ်လုံးကြိုး သေးသေးမျှင်မျှင်လေး။ အဲ့ထက်ဆိုးတာက ဘယ်ဘက်ပေါင်တံတလျှောက်လုံး ကွဲနေသည့် ဂါဝန်ကြောင့်ပင်။ နဂိုအသားဖြူသူမို့ လက်မောင်းဝင်းဝင်းလေးတွေရယ် ပေါင်တံသွယ်သွယ်ရယ်ကြောင့် ကြည့်လိုက်သည်နှင့် လှတာသိသာနေ၏။ မရပါ။ သူကပေးဝတ်စရာတဲ့လား။
""မရဘူး မရဘူးနော် မဝတ်ရဘူး အသက် အခုချက်ချင်း အဝတ်အစားပြန်လဲရမယ်""
"'ဟမ့် ဘာ ဘာ လို့"'
""လဲဆိုပြန်လဲလိုက် လျှာမရှည်နဲ့!!""
"မောင်ငယ် အရူးကောင်လေး ပါတီလေကွ ထဘီနဲ့ရင်ဖုံးဝတ်ပြီး......"
""တော် တန် တိတ်!! ကလေးအမေက ကလေးအမေလိုနေလေ အိနြေ္ဒပျက်အိနြ္ဒာပျက် ဝတ်ထားစရာလား ဂါဝန်ကကော ဒီလိုအကွဲတွေပဲရှိတာပေါ့ ဟုတ်လား ထားတော့ အသက် အခုသွားပြန်လဲ""
"'မလဲဘူး"'
လူကိုဇွတ်ဟောက်နေပြီး အာဏာပြနေတာမို့ မဏိ ဘူးခံပစ်လိုက်သည်။ ချွေးစို့ကာနီရဲနေသည့် မျက်နှာနှင့် မာကျွတ်နေသည့် သူ့လေသံကြောင့် မမရတနာနီနီခမျာ ခေါင်းလေးငုံ့နေရှာ၏။ ဒီကိစ္စက မမရတနာနီနီရဲ့ စီစဉ်မှုလည်း ပါဝင်နေသည် မဟုတ်လား။ ဒီဝတ်စုံကြီးကို မဏိလည်း ဝတ်ရအဆင်မပြေတာကြောင့် ပြန်လဲမယ်ဟု စဉ်းစားထားသော်လည်း သူ့လေသံကိုကြားပြီး မလဲချင်တော့။ တမင်ဝတ်ပြီး ရွဲ့ဖို့သာ ဆုံးဖြတ်လိုက်၏။ ချိုချိုသာသာပြောရင်တောင်မှ စိတ်ပြောင်းမိဦးမှာပါ။ အခုက ကလေးအမေဟာ ကလေးအမေလိုနေပါတဲ့။ အိနြေ္ဒပျက် အိနြ္ဒာပျက်နဲ့ဆိုလား သူပဲ ပြောတတ်ပါသည်။ သို့သော် မဏိကလည်း ပြန်ရွဲ့တတ်ပါသည်။ နေပါစေဦး။ ဒီဝတ်စုံနဲ့ တစ်ညလုံးနေပြလိုက်ဦးမယ်။

BẠN ĐANG ĐỌC
သူစိမ်းတို့ရဲ့အလယ်မှာ(COMPLETE)
Lãng mạnမထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းမှာ ဆုံကြပြီး မှောက်မှားသွားကြတဲ့ သူတို့နှစ်ဦး။ ဒါပေမဲ့ သူ့ တာဝန်ရှိတယ်ဆိုပြီး မဏိသက်ကို တာဝန်ယူပေးလိုက်တဲ့ သွင်ဟန်သစ်က သူ့သားကို လက်ကမချတာပါ။ မိန်းမကိုလည်း ရှယ်ချစ်တာတွေမြင်ရ ဖတ်ရ စောင်ကိုက်ရမှာပါ။ ပြီးတော့ ခပ်မ...