အိမ်ကိုစိတ်ဆိုးပြီး ထမင်းမစားပဲထွက်သွားတဲ့ ကလေးမက ပြန်လာတော့ ကောင်လေးတစ်ယောက်ကိုခေါ်လာတာတအိမ်လုံး ကြောင်အမ်းအမ်းလေးဖြစ်သွားသလို ပိုပြီး အံ့အားသင့်ခဲ့ရသူကတော့ မသိပဲလိုက်လာခဲ့ရတဲ့ Cha Jae Hoonပင်
"Omma Appa သမီးသူငယ်ချင်း "
"အော် Dong Min နဲ့ WonHee မဟုတ်ပဲ ပထမဆုံးတွေ့ဖူးတဲ့တခြားသူငယ်ချင်းပဲ "
Dabin Omma စကားကြောင့် သူခေါင်းတချက်ငြိမ့် နှုတ်ဆက်ပြီး
" Nae..Cha JaeHoon လို့ခေါ်ပါတယ်ဗျ "
" ကောင်လေးကယဥ်ကျေးသားပဲ မိုးမိလာတာလား"
"nae Appa သူဒီနေ့ဒီမှာအိပ်မယ် "
"ဟမ်း??!! "
Dabin ဖြတ်ဝင်ပြောတဲ့ စကားကြောင့် Jaehoon အပါအဝင် Dabin မိဘတွေပါ ပါးစပ်အဟောင်းသားဖြစ်သွားသည်
"ဘယ်တုန်းကပြောလို့လဲ "
Jaehoon သူမနားကပ်ပြီး တီးတိုးမေးလိုက်ချိန်
" စိတ်မပူပါနဲ့ Appa နဲ့ Omma က သဘောကောင်းတယ် "
" ဒါမဲ့လဲ--"
"Hyung... "
JaeHoon စကားမဆုံးမီ အလယ်တန်းအရွယ် ကောင်လေးခေါ်သံကြောင့်
"သား အခန်းမှာအတူအိပ်လို့ရတယ် "
"ahh ဒါငါ့မောင်လေး သူကအိမ်မှာအခွင့်ထူးခံလေ သူ့အခန်းက ကျယ်တယ် "
Dabin မကြည်တကြည်နဲ့ပြောပြီး
" Oppa ...JaeHoon ကိုအင်္ကျီငှားပေးလို့ရမလား"
"ရတယ်လေ လာလိုက်ခဲ့"
Dabinအကိုက ဘာမှမမေးပဲ သူ့အခန်းဆီခေါ်သည်
JaeHoon လဲ Dabin မိဘတွေကိုအားနာစွာဖြင့် ကြည့်တော့
" ရတယ်သား အအေးမိမယ် အကိုနောက်လိုက်သွား"
အကြောင်းတစ်ခုခုရှိမယ်ဆိုတာသိလို့ ကြည်ကြည်ဖြူဖြူပင်ခွင့်ပြုပေးသည်
xxxxxxxx
"Noonaကစိတ်ရှုပ်ဖို့ကောင်းတယ်မလား"
Dabinမောင်လေး ကုတင်ခြေရင်းမှာဂိမ်းဆော့ရင်း မေးလာတော့
"omm နည်းနည်း"
YOU ARE READING
You loved Me first
Randomxx Teenfiction xx x Romance, friendship x လူငယ် စိတ်ကူးယဥ် ဇာတ်လမ်းလေးပါပဲရှင့်🌷 ပထမဆုံးficလေးမို့ အမှားပါရင်ခွင့်လွှတ်ပေးပါနော် 🙏 ဖတ်ရှုပေးပါဦးရှင့် ❣❣ · story cover from @ pinterest