" Kang Dabin ဘာလို့စာလုပ်နေတာလဲ မိုးရွာအောင် "စာသင်ခန်းထဲ headphone ကိုလည်ပင်းမှာစွတ်ပြီး ဝင်လာတဲ့Dong Min
စာအတည်လုပ်နေတဲ့Dabin ခုံနားရပ်ရင်းပြောလာသည်
"အွန်း မနက်တည်းကထူးထူးဆန်းဆန်း ကြောက်စရာကောင်းအောင် "
သူမခုံအနောက်မှ WonHee လဲ ထောက်ခံစွာ ပြောလာတော့
"ငါစာလုပ်တာမမြင်ဖူးဘူးလား ဟွန်း"
Dabin ဘောဘင်ကိုချရင်းဆိုလိုက်ချိန်
"အွန်း မမြင်ဖူးဘူး"
ချစ်လှစွာသော သူငယ်ချင်းနှစ်ယောက်က သံပြိုင်ထွက်လာသည်
"ဒါဆိုလဲမနှောင့်ယှက်ကြနဲ့ !! "
ထိုချိန် ဆရာပေးလိုက်တဲ့ စာအုပ်တွေသယ်ပြီး အခန်းထဲဝင်လာတဲ့ JaeHoonကိုတွေ့တာနဲ့
DongMin တစ်ယောက် Hoonဆီရောက်သွားပြီး ပခုံးကိုလှမ်းဖက်ကာ
" Hoonလေး ကျောင်းဆင်းရင် ဂိမ်းဆိုင်သွားရအောင် "
" မနက်ဖြန်မှရမယ်ထင်တယ် "
"ဘာလို့လဲ"
"ဒီနေ့ညနေစာကြည့်တိုက်သွားဖို့ရှိတယ် "
"မဟုတ်မှ Cha JaeHoon နင်ငါ့သူငယ်ချင်းကိုပါ စာလုပ်ခိုင်းထားတာလား "
အရိပ်အကဲခတ်မြန်တဲ့ Wonhee အခုမှ အခြေအနေကို သတိထားမိသလိုမေးလိုက်သည်
စာစိတ်မဝင်စားတဲ့သူငယ်ချင်းက ဒီရက်ပိုင်း စာကိုသေချာလိုက်လုပ်နေတာ အကြောင်းရင်းက JaeHoon ကလွဲပြီး တခြားရှိမှာမဟုတ်
" JaeHoon na မင်းပဲပင်ပန်းလိမ့်မယ် သူ သင်္ချာဘယ်လောက်ထိညံ့တယ်ထင်လဲ "
Dong Min ခေါင်းတခါခါနဲ့ အကြောင်းသိသလို ရေရွတ်ချိန်
"yah Kim Dong min! နင့်အခန်းနင်ပြန်လိုက်တော့ " -Dabin
"မပြန်ပါဘူး ငါက ငါတို့အလှလေးနားလာတာ "
Dong Min ပြောလဲပြော WonHee ဆီလျှောက်သွားပြီး
"ချာကီးရား ဒီနေ့ည ရုပ်ရှင်သွားကြည့်ကြမလား"
" omm! ဒိတ်ကြတာပေါ့ "
YOU ARE READING
You loved Me first
Randomxx Teenfiction xx x Romance, friendship x လူငယ် စိတ်ကူးယဥ် ဇာတ်လမ်းလေးပါပဲရှင့်🌷 ပထမဆုံးficလေးမို့ အမှားပါရင်ခွင့်လွှတ်ပေးပါနော် 🙏 ဖတ်ရှုပေးပါဦးရှင့် ❣❣ · story cover from @ pinterest