ပျက်ယွင်းသွားတဲ့မျက်နှာကို အားတင်းလို့ ထိန်းလိုက်ရင်း "နာမည်တူမရှား လူတူမရှားဆိုသလိုဘဲ Miss Manobanတွေ့ဖူးတဲ့လူ တစ်ယောက်ယောက်နဲ့ ကျွန်မ ရုပ်ဆင်တာဖြစ်မယ်ထင်ပါတယ်"
Scretary Kimကို စတွေ့ကတည်းက အနှစ်လလ ရင်းနှိးခဲ့တဲ့ မိတ်ဆွေဟောင်းတွေလို ခံစားနေရတဲ့အတါက် တစ်ဘက်က တုန့်ပြန်မှုကို သိပ်ဘဝင်မကျပေမယ့်လည်း စကားအခြေအတင်ပြောချင်စိတ်မရှိတာနဲ့ "ဟုတ်မှာပါ"လို့ပဲ တုန့်ပြန်ရင်း စကားဝိုင်းကို အဆုံးသတ်လိုက်တယ်။
အစားမစားထားတော့သွေးတွင်းသကြားဓါတ်ကျတတ်တဲ့ရောဂါက ထဖောက်လာပြန်တယ်။
"Miss Manitobanသွေးတွင်းသကြားဓါတ်ကျလို့ မူးနေတာထင်တယ်။ ဒါလေးငုံထားလိုက်ရင် မူးတာနည်းနည်း သက်သာသွားလိမ့်မယ်"
ပေးလာ Candyက Liအကြိုက် strawberry အရသာ "ကိုယ် သွေးတွင်းသကြားဓါတ်ကျတာကို ဘယ်လိုလုပ်သိနေတာလဲ"လို့ မနေနိုင်စွာမေးမိတော့ "Jenသူငယ်ချင်းတစ်ယောက်လည်း ဒီလို လေယာဉ်ကဆင်းတိုင်း သွေးတွင်းသကြားဓါတ်ကျပြီး မူးတတ်လို့ CEOလည်း အဲ့လိုဖြစ်တာလို့ ထင်မိတာပါ"လို့ ပြန်ဖြေလာတော့ တိုက်ဆိုက်တိုင်ဖြစ်မှာပါလို့ တွေးလိုက်ပေမယ့် ဦးနှောက်ကလက်မခံ....
ကားဒိုင်ခွက် Aircon အပူချိန်က ဂဏန်းမတူဖြစ်နေလို့ ဂဏန်းတူသွားအောင် ပြောင်းပေးဖို့ ပြောဖို့ပြင်တုန်း Kimက ပြောင်းပြီးသွားပြီ သွေးရိုးသားရိုးတိုက်ဆိုင်တာမှ ဟုတ်ရဲ့လား ဂဏန်းတွေ ပစ္စည်းတွေ ၂ခုယှဉ်ထားတဲ့အခါ တစ်ပုံစံတည်းဖြစ်နေမှ ကြိုက်တာကို မာမီနဲ့ ကိုယ့်ရဲ့Therapistကလွှဲလို့ ဘယ်သူမှမသိတာကို သူကသိနေခြင်းက တိုက်ဆိုင်မှုမဟုတ်နိုင် Liနဲ့ သေချာပေါက်ပတ်သတ်မှုတစ်ခုခုရှိကို ရှိနေလိမ့်မည်။ သူ့ကိုတွေ့ကတည်းက ရင်ထဲမှာဖြတ်ပြေးနေတဲ့ အမည်မသိလှိုင်းတစ်ခုက ကိုယ့်အထင်က မှန်ကန်ကြောင်းပြောနေသလိုပင်။ ဘယ်လိုပတ်သတ်မှုမျိုးရှိခဲ့တာလဲလို့ ဦးနှောက်က ဘယ်လိုမှ စဉ်းစားမရတာကို ပျောက်သွားတဲ့မှတ်ဉာဏ်တွေကိုပဲ အပြစ်တင်ရမလား ဘယ်သူ့ကိုပဲ အပြစ်တင်ရမလဲ သူမသိ.........
ညစာစားဖို့ စားသောက်ဆိုင်ကိုရောက်မှ စိတ်တိုဖို့ကောင်းတဲ့ ရှဉ့်စုတ်ကို တွေ့ရတော့တယ်။ "ဒီနေ့တော့ CEO Manobanနဲ့ အလုပ်ကိစ္စတွေ သေချာလေးတိုင်ပင်ဖို့ရာ အကုန်ပြင်ဆင်ထားပြီးပြီ သေချာပေါက် ရှယ်ယာဝင်စေရမယ်"လို့ ကြွေးကြော်ပြီး VIP Roomထဲကို ဝင်သွားတဲ့ အဲ့ရှဉ့်စုတ်ကို မျက်စောင်းထိုးရုံသာ တတ်နိုင်တော့တယ်။ ရှဉ့်စုတ်နောက်ကနေ ဝိုင်နဲ့ ဝီစကီမျိုးစုံသယ်ပြီး လိုက်သွားတဲ့ Waiterကိုတွေ့တော့ ဟိုလူ...........ဘယ်လောက်ပဲ ဂရုမစိုက်ဘူးလို့ အော်နေနေ တားဖို့ ပြေးရပြန်ဦးမယ်.......တကယ်ကို ကောင်းကျိုးမပေးတဲ့လူ.......
YOU ARE READING
A Tale of Endless Love
Romanceနှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ တည်ရှိနေတာမို့ အချိန်တွေဘယ်လောက်ကြာကြာ ကိုယ်ရဲ့နှလုံးသားက မင်းကလွဲပြီး တခြားလူကို လက်ခံဖို့ မဖြစ်နိုင်ခဲ့ဘူး