ရုံးပိတ်ရက်မို့ ကောင်းကောင်းအနားယူဖို့ တွေးထားတဲ့အတွေးတွေက Roséရဲ့ ဖုန်းတစ်ကောကြောင့် ကြက်ပျောက်ငှက်ပျောက်။ ဒီတစ်ပတ်ရုံးပိတ်ရက်ကို အနှောင့်အယှက်မပေးပါဘူးလို့ ကတိတွေအတန်တန်ပေးထားပြီး ရုံးမှာရှယ်ယာဝင်မယ့် တစ်ဘက်ကုမ္ပဏီရဲ့ CEOက ခရီးစဉ်အပြောင်းအလဲဖြစ်သွားတဲ့အတွက် သွားကြိုပေးပါဆိုတဲ့ စကားတစ်ခွန်းကြောင့် လေယာဉ်ဆိုက်ဖို့ ၄၅မိနစ်အလိုမျာ အိပ်ယာကနေ ကမန်းကတန်းထကာ ပြင်ဆင်ပြီး လေယာဉ်ကွင်းကို ပြေးရပြန်ဦးမယ်။ တကယ်ကို ကောင်းကျိုးတစ်စက်မှမပေးတဲ့ Roséဆိုတဲ့ ရှဉ့်စုတ်ကို အလုပ်ကိစ္စတွေပြီးသွားမှ အရေခွံနွှာပြစ်ရမယ်..........
Incheon Airportရဲ့ VIP Loungeမှာ Business Suite & Style pantအနက်ကို ဝတ်ဆင်ထားတဲ့ အသက်၂၀ကျော်အမျိုးသမီးတစ်ဦး အချိုးကျပြေပြစ်လှခန္ခာကိုယ်ကပေါ်လွင်လျက်။ ပုံမှန်ထက် တည်တင်းနေတဲ့မျက်နှာက ပြတ်သားမှုနဲ့ သူ့ရဲ့ ဂုဏ်အရှိန်အဝါတို့ကို ပံ့ပိုးပေးနေသည်။
"CY Groupဘက်က လာကြိုမယ့်သူက နောက်ကျနေတယ်ထင်တယ် ကျွန်မကားစီစဉ်လိုက်ရတော့မလားCEO"
"ကျွန်မတို့ လေယာဉ်က ပုံမှန်ချိန်ထက် ၁၅မိနစ်စောပြီးဆိုက်တာဆိုတော့ သူတို့ဘက်က နောက်မကျပါဘူး ၁၀မိနစ်လောက်အချိန်ရှိသေးတယ်။ ကျွန်မတောင်းထားတဲ့ အချက်အလက်တွေ ပြင်ထားပြီးပြီလား အတွင်းရေးမှူးဆော"
"ကျွန်မ................." အတွင်းရေးမှူးရဲ့ စကားသံမဆုံးသေးခင်မှာပဲ "အတွင်းရေးမှူးဆောက အခုချိန်ကစပြီး အလုပ်ဆင်းဖို့မလိုတော့ဘူး။ မနက်ဖြန် HRဌာနမှာ လစာထုတ်ပြီး အလုပ်ထွက်ဖို့ လုပ်လိုက်ပါ"ဆိုတဲ့ ညင်သာမှုအလျဉ်းမရှိတဲ့စကားသံက ဟိန်းထွက်လာသည်။
အတွင်းရေးမှူးရဲ့ တောင်းပန်သံတွေက "ကျွန်မ အလုပ်ကို တိကျသေချာအောင် မလုပ်တတ်တဲ့သူတွေကို အမုန်းဆုံးပဲ။ ကျွန်မရဲ့ ရာဇဝင်မှာ ဘယ်သူ့ကိုမှ ဒုတိယတစ်ခါ အခွင့်အရေးမပေးတတ်ဘူး"ဆိုတဲ့ စကားသံအောက်မှာ ပျောက်ရှကုန်သည်။
စီးပွားရေးမှာ အကွက်မြင်တတ်တယ်၊ တိကျတယ်၊ ပြတ်သားတယ်၊ ရဲရင့်တယ်စတဲ့ ကောင်းမွန်တဲ့ ဂုဏ်ပုဒ်တွေနဲ့အတူ စိတ်ခံစားချက်မရှိတဲ့သူတစ်ယောက်ဟုပါ ကျော်ကြားသည့် CEO စိတ်ခံစားချက်ကို ဦးစားမပေးခြင်းက သူ့ကိုစီးပွားရေးလောကရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေနိုင်စေတဲ့ အချက်တစ်ခုလို့ အခိုင်အမာယုံကြည်ထားသည်...........
"ရှဉ့်စုတ် နင်ကတကယ်ကို ကောင်းကျိုးမပေးတာ ဒီတစ်ခေါက်တော့ နင်ကံကောင်းသွားတယ်မှတ် ငါ့ကို ခွင့်ရက်အစားထိုးပြန်မပေးလို့ကတော့ နင်ကို အရှင်လတ်လတ်အရေခွံစုတ်ပြစ်မယ်"လို့ ဆူငေါက်နေခြင်းကို သူ့ကို ဟာသတွေပြောနေတယ်လို့များ Roséတစ်ယောက်အထင်မှားသွားတဲ့အလား ဖုန်းလိုင်းရဲ့တစ်ဘက်ကနေ တစ်ဟားဟားနဲ့ အော်ရယ်နေလေရဲ့
"ငါအခုကြိုရမှာက LM Groupဟုတ်တယ်မလား။" လို့မေးလိုက်မှ ရယ်သံကရပ်သွားပြီး "ဟုတ်တယ်။ သူက အခုစီးပွားရေးလောကရဲ့ ခြင်္သေ့ပဲဟ LM Groupကို ၃နှစ်အတွင်း World Top 10ကုမ္ပဏီဖြစ်အောင် ဦးဆောင်နိုင်တာ သူနဲ့သာလက်တွဲခွင့်ရရင် ငါတို့ကုမ္ပဏီရဲ့ အနာဂတ်အတွက် စိတ်ချရပြီပဲ။ ငါတို့နဲ့ အသက်သိပ်မကွာဘူး ငယ်ပေမယ့်အရမ်းတော်တာဟ သူ့ဓါတ်ပုံကို နင့်ဖုန်းထဲငါပို့လိုက်မယ်။ ပြီးတော့ သူ့နာမည်က La.........."
Roséရဲ့ စကားသံအဆုံးမသတ်ခင်မှာပဲ တစ်ဘက်က "Lalisa Manoban"ဆိုတဲ့ တီးတိုးရေရွတ်သံနှင့်အတူ "ငါသူ့ကို ရှာတွေ့ပြီ ဖုန်းချလိုက်တော့မယ်"ဆိုတဲ့အသံနဲ့အတူ ဖုန်းလိုင်းက ပြတ်တောက်သွားသည်။
အားတင်းလို့ Lisaဆီကို သွားလိုက်ပြီး "ကျွန်မ Secretary Kimပါ CY Groupက CEO Manobanကို ကြိုဖို့အတွက် လွှတ်လိုက်တာပါ"လို့ပြောရင်း နှုတ်ဆက်ဖို့လက်ကိုကမ်းပေးလိုက်တဲ့အခါ
"Secretary Kimကျွန်မတို့ တစ်နေရာရာမှာ ဆုံဖူးခဲ့လား"ဆိုတဲ့ အမေးကြောင့် မိုးကြိုးအစင်းတစ်ရာလောက် အပြစ်ခံလိုက်ရတဲ့အလား ခေါင်းထဲမှာလား "မဖြစ်နိုင်ပါဘူး"လို့ပဲ အထပ်ထပ် ရေရွတ်နေမိတယ်................
YOU ARE READING
A Tale of Endless Love
Romanceနှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ တည်ရှိနေတာမို့ အချိန်တွေဘယ်လောက်ကြာကြာ ကိုယ်ရဲ့နှလုံးသားက မင်းကလွဲပြီး တခြားလူကို လက်ခံဖို့ မဖြစ်နိုင်ခဲ့ဘူး