Part - 20

259 27 2
                                    

(Unicode)

မနက်ခင်းရဲ့အလင်းရောင်ဟာ ဖြာကျလာတာကြောင့် အိပ်တစ်ဝက် နိုးတစ်ဝက်နဲ့ ဘေးကို လှမ်းစမ်းမိလိုက်သည်။ လှစ်ဟာသွားနေသော နေရာကြောင်း စိတ်ပူသွားပေမယ့် ဒီရက်ပိုင်းမှာ Jin Hyung က အစောကြီးထနေတတ်တာကို တွေးမိတော့ ပြုံးကာ လက်ကိုပြန်သိမ်းပြီး အိပ်ရာထဲမှာ နေနေမိသည်။ ခဏနေရင် Jin Hyung လာနိုးလိမ့်မယ်။

အိပ်နေရာကနေ ညောင်းလာလို့ လက်ကိုအပေါ်မြောက်ကာ အကြောဆန့်ရင်း Jin Hyung နေရာကို လှိမ့်မလို့လုပ်နေတုန်း

"ဘာလို့ အဲ့လိုတွေလှိမ့်နေတာလဲ ကလေးငယ်ရယ် ဗိုက်တွေနာကုန်ပါ့မယ် "

အခန်းတံခါးနားကနေ ထွက်လာတဲ့ Jin Hyung ရဲ့စကားသံကြောင်း အကြောဆန့်နေတာကို ရပ်ပြီး ဗိုက်တဝက်လောက်ထိ လိပ်တက်နေသော ညအိပ်ဝတ်စုံလေးကို ဆွဲချလိုက်သည်။

အနားနားကိုလျှောက်လာကာ ကုတင်စွန်းနားမှာ ထိုင်လိုက်တဲ့ Jin Hyung က မျက်လုံးကို လက်နဲ့ပွတ်နေသော ကျွန်တော့်လက်ကို လှမ်းဆွဲကာ

"မျက်စိတွေနာကုန်အောင် လက်တွေနဲ့အရမ်းမပွတ်နဲ့လေ "

ပြောကာ မျက်လုံးပေါ်ကို သူ့လက်နဲ့ ခပ်ဖွဖွလေး ပွတ်ပေးသည်။ ပြီးတော့ နှာခေါင်းကို လက်နဲ့ညစ်ကာ

"Morning ~ကလေးငယ် "

ကျွန်တော် နှာခေါင်း ရှုံပြလိုက်တော့ Jin Hyung က သဘောတကျ ရယ်ပြန်သည်။ တဖြည်းဖြည်းနဲ့ ဗိုက်နေရာမှအင်္ကျီစအောက်ကိုဝင်လာသော လက်နွေးနွေးတွေကြောင့် မျက်နှာတွေပူလာသည်။

"Morning ~daddy ရဲ့ ပိစိလေး  ဒီနေ့လည်း ကောင်းကောင်းမွန်မွန်ကြီးပြင်းပြီး papa ကို မနာကျင်စေရင် သိပ်ကောင်းမှာပဲ Daddyရဲ့ပိစိလေးက လိမ္မာတယ်မလား "

အင်္ကျီပေါ်ကနေလည်းမဟုတ်ပဲ ဗိုက်သားကိုလက်နဲ့ထိကာ ကလေးလေးနဲ့ စကားတွေပြောတတ်တဲ့ Jin Hyung။ အင်္ကျီအပေါ်ကနေဆို ဗိုက်ထဲကကလေးလေးက မသိမှာစိုးလို့တဲ့။ မနက်ခင်းတိုင်း ကြုံရတဲ့ ကိစ္စဖြစ်နေပေမယ့် အခုထိနေသားမကျသေးပါ အခုချိန်ထိ ရှက်နေသေးသည်။

"ထတော့ကလေးငယ် ~လာ "

မတ်တပ်ရပ်ပြီးမှ ကမ်းပေးလာတဲ့လက်တွေကို ဆုပ်ကိုင်ကာ ထလိုက်မိသည်။

Without You (Completed)Where stories live. Discover now