(Unicode)
"Namjoon တွေ့တယ်တဲ့လား"
ကောင်တာကနေထွက်လာတဲ့ Namjoon ကို မေးလိုက်တော့သူက စိတ်ပျက်အားလျော့စွာ ခေါင်းခါပြလာသည်...။ ရှာနေတာလည်း စုံလှပြီ...။ ဘယ်တွေရောက်နေပြန်တာလည်းမသိဘူး...။ ဒီနေ့က နှင်းပိုကျမယ်လို့ ကြေညာထားတာကြောင့် ညနေမစောင်းခင် တွေ့ရမှဖြစ်မှာပါဆို...။
ခုနကတည်းက နှင်းတွေပိုကျလာပြီမို့ ကောင်လေးကိုစိတ်ပူစပြုလာပြီဖြစ်သည်...။ လူလေးကသေးသေးလေးနဲ့ ဘယ်တွေရောက်နေလဲမသိဘူး...။
"Hoseok ~တွေ့လား"
အပြင်ကနေပြန်လာတဲ့ Hoseok ကိုမေးလိုက်တော့လည်း သူကခေါင်းခါပြသည်...။ ဘယ်ရောက်နေပြန်တာလည်း Min Yoongi ရယ်...။
"ငါ hotel အနီးနား ထွက်ရှာလိုက်အုံးမယ်"
ပြောပြီး ကားသော့ယူကာအပြင်သွားမလို့လုပ်တော့ Jungkook က လက်ကိုဆွဲပြီး တားလာသည်...။
"Jin Hyung ~နှင်းတွေက~~"
"ကျွတ်~~Jeon Jungkook
အဲ့တော့ Min Yoongi ကို မရှာတော့ဘူးလား"သူ့လက်ကို ဆွဲဖြုတ်ကာ Hotel အပြင်ထွက်လာခဲ့သည်...။ တစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးထင်ပါတယ်...။ အပြင်ဘက်ထွက်လိုက်တော့ မျက်နှာကိုလာရိုက်တဲ့ အအေးဓာတ်က ကြောက်စရာကောင်းသည်...။ အခုဆို ပျောက်နေတာ နှစ်နာရီကျော်နေပြီမို့ ကျွန်တော်တကယ်စိတ်ပူနေပြီ...။ ဘာပဲပြောပြော ကိုယ်ခေါ်လို့ လိုက်လာခဲ့တဲ့ကောင်လေးမလား...။ ကိုယ့်တာဝန်မကင်းသလို ခံစားရသည်...။
Min Yoongi ဘယ်မှာလဲကွာ..။
~~~~~~~
" တွေ့လား~~"
Jiminnie ခေါင်းခါပြတဲ့အဆုံးမှာ Taehyung ခြေထောက်တွေတောင် ခွေသွားသလို ခံစားလိုက်ရသည်...။
"Tae Tae~~"
Jiminnie က လက်ကိုဆုပ်ကာ ခေါ်တာကြောင့် သူ့ကိုကြည့်ကာ
"Jiminnie ~Hyung ~Hyung တစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်~"
"မဟုတ်လောက်ပါဘူး~"
မဟုတ်လောက်ပါဘူးသာ ပြောတာ Jiminnie ရဲ့ အသံတွေဟာ တုန်နေသည်...။
"ငါမှားသွားတာ ~ငါစောင့်ခိုင်းထားခဲ့လို့"
ESTÁS LEYENDO
Without You (Completed)
Fanficမင်းမပါတဲ့ငါ့ဘဝက အသက်မဲ့လွန်းတယ် Yoon~ ကျွန်တော်က အကို့ရဲ့တောင်ပံတစ်စုံဖြစ်ပေးမှာပါ~ A YoonJin story by AchanN