ခွင့်လွှတ်တတ်ဖို့ လိုပါတယ်

16 1 0
                                    

ခွင့်လွှတ်တယ်...ဆိုရာမှာ
သူတပါးအပေါ်
ခွင့်လွှတ်တတ်ဖို့
ဆိုလိုသလို....
ကိုယ့်ကိုယ်ကိုယ်လဲ
ခွင့်လွှတ်တတ်ဖို့
လိုပါတယ်...။

တကယ်တော့
ဘဝ ဟာ
တိုတောင်းပါတယ်။

၁၀နှစ်ဆိုတာလည်း
ခဏပဲ.....။
နှစ်၁၀၀...ဆိုတာလဲ
ကမ္ဘာမြေရဲ့
စံသတ်မှတ်ထားတဲ့အချိန်နဲ့မို့
ကြာတယ်ထင်ရပေမယ့်
အမှန်တော့.....
သိပ်အကြာကြီးမဟုတ်ဘူးရယ်။

မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြား...
ဇာတိနဲ့မရဏကြား...
ထိုတခဏဟာ...
ဘဝတစ်ခုပါပဲ....။

ပျော်ရွှင်ခြင်းတွေရှိမယ်....
နာကျင်ရခြင်းတွေလဲ...ရှိတယ်။
အချစ်ရှိသလို
အမုန်းလဲရှိတယ်။
အလင်းရှိနေသလို
အမှောင်လဲ...ရှိပါတယ်။

အကောင်းနဲ့အဆိုး
အကြောင်းနဲ့အကျိုး
အားလုံးဟာ
သဘာဝပါပဲ....။

လောကကြီးမှာ
ဆန့်ကျင်ဘက်သဘောတွေ
ယှဉ်တွဲနေတယ်ဆိုတာ
သတိမူရင်မြူကိုမြင်ရတာပါပဲ...
မဟုတ်လား...။

ဖြတ်သန်းပြီးတဲ့နေ့တွေအတွက်
ပူဆွေးငိုကြွေးပြီး
နောင်တတွေသာရှိနေခဲ့မယ်ဆိုရင်...။
ခွင့်မလွှတ်နိုင်ခြင်းတွေကြောင့်
နာကျင်နာကြည်းနေရမယ်ဆိုရင်...။

လက်ကျန်သက်တမ်းမှာ
ပျော်ရွှင်နိုင်ဖို့ဆိုတာ
ဘယ်လွယ်နိုင်တော့မလဲ...။

ဆိုတော့....
နာကြည်းပါ...။
ပူဆွေးပါ...။
ငိုကြွေးပါ....။
ပြီးရင်တော့...
မေ့လိုက်ပါ။

အတိတ်ကို
သင်ခန်းစာယူပြီး
အနာဂတ် အတွက်
ပစ္စုပ္ပန်မှာ
အ‌ ကောင်းဆုံးပြင်ဆင်ပါ။

ထိုအခွင့်အရေးဟာ
သင့်....လက်ထဲမှာ
ရှိပါတယ်။
ရှိနေပါတယ်။

သင်ဟာ...
ပျော်ရွှင်မှုနဲ့
ထိုက်တန်သူပါ။

မမေ့ပါနဲ့...
သင်က တန်ဖိုးရှိပါတယ်။
ခွင့်လွှတ်တတ်ဖို့
သင်ယူပြီး...
တန်ဖိုးရှိတဲ့နေ့ရက်တွေ
ဖန်တီးကြစို့နော်...။

HeiBaiQi
20.7.2023


ဖမ်းဆုပ်မိသောအတွေးများDonde viven las historias. Descúbrelo ahora