Part 3

93 19 0
                                    


"မှီပါ့မလား မသိဘူးကွာ ဆရာက အတန်းချိန်မမှန်ရင်ကျောင်းမှာ interm ဆင်းခိုင်းမှာမဟုတ်ဘူး မဖြစ်ဘူး ငါပိုက်ဆံရမှဖြစ်မယ်"

ဆောနူအတွေးများစွာနဲ့လမ်းလျှောက်နေတုန်း ရုတ်တရက် နာသွားသလိုခံစားချက် နားထဲမှာကြားလိုက်ရတဲ့ ကားဘရိတ်အုပ်သံ....။

"ကင်မ်ဆောနူ! ကင်မ်ဆောနူ! ကြားရလား"

ရင်းရင်းနှီးနှီးကြားဖူးနေတဲ့ နားဝင်ချိုလှသောအသံလေး။

ကျွန်တော်ဘာမှမမြင်ရဘူး မျက်စိထဲမှာအရာအားလုံးကမှောင်မဲနေတာပဲဗျာ။

"ညီလေး! ညီလေး!"

တစ်ဖြည်းဖြည်းနဲ့ရီဝေဝေဖြစ်လာပြီးနောက်ပိုင်းဘာဆက်ဖြစ်လဲတော့ကျွန်တော်လဲမမှတ်မိပါ
အမေ့ငိုသံကြောင့် ကျွန်တော်သတိပြန်ဝင်လာပြီး မျက်စိကိုအသာလေးဖွင့်ကြည့်မိတယ်။

"အားး ကျွတ်ကျွတ်ခေါင်းတေကိုက်လိုက်တာ"

"သားလေးနိုးလာပြီ ဆောင်ဟွန်းရေ အန်တီ့ကိုဆရာဝန်ခေါ်ပေးပါအုံး"

ဟမ် ဆောင်ဟွန်း? ပတ်ဆောင်ဟွန်းကြီးလားမသိဘူး ဟာမဟုတ်ပါစေနဲ့ နာမည်တူတာပဲနေမှာပါ။

"ဟုတ်ကဲ့အန်တီ"

shit အသံပါတူနေရင်တော့ဒါပတ်ဆောင်ဟွန်းကြီးဆိုတာသေချာနေပါပြီ။ သူကဒီကိုဘယ်လိုရောက်နေတာလဲကွာ။

"အန်တီကျွန်တော် ဒေါက်တာခေါ်လာပြီ"

"ဒေါက်တာ ကျွန်မသားလေးအခြေနေဘယ်လိုနေလဲဟင်"

"ဘာမှတော့စိုးရိမ်စရာမရှိပါဘူး မှောက်ရက်ပြုတ်ကျသွားတဲ့အချိန် လက်နဲ့ထောက်လိုက်ပုံပဲ လက်တော့ကျိုးသွားတယ် ကျွန်တော်တို့ကျောက်ပတ်တီးစီးပေးထားပါတယ် အချိန်တစ်ခုလောက်ဆိုအကောင်းတိုင်းပြန်ဖြစ်မှာပါ အဲ့လက်ကို ထပ်တော့မကျိုးစေနဲ့ပေါ့ဗျာ"

"ဟုတ်- ဟုတ်ကဲ့ပါဒေါက်တာ ဆေးစရိတ်ကော ဘယ်လောက်ကုန်ကြမှာလဲဟင် ကျွန်မတို့ကပိုက်ဆံရှိတဲ့ထဲမပါလို့ပါ"

"ဒေါက်တာ ကျသလောက်ဆေးရုံခတေ
ကျွန်တော့်ကဒ် ထဲက ဖြတ်လိုက်ပါ"

WINTER SLEEPWhere stories live. Discover now