Part 11

86 11 0
                                    

"babe! ဘယ်လိုရောက်လာတာလဲ အကြောင်းလဲမကြား"

ဆောင်ဟွန်း ဆောနူနားမှကောက်ထပြီး ဆိုယွန်းဆီကို လျှောက်သွားလေသည်။

" ခရစ်စမတ်ဆိုတာ ကိုယ်ချစ်ရသူတေနဲ့ဖြတ်သန်းရမှာလေ ဆောင်ဟွန်းရှီက ဘေးမှာမရှိတော့ ဘေဘီက ကိုကို့အနားကိုလာရမှာပေါ့ "

"ဟူးးး ကိုလဲတောင်းပန်ပါတယ် ဘေဘီရာ"

အေးစက်နေသောလေထုကြီးဖုံးလွှမ်းနေသောအခန်းငယ်လေးထဲ ဆောင်ဟွန်း၏ သက်ပြင်းချသံများ ပဲ့တင်သံထပ်ကာ....။

" ဆောနူက အခုချိန်ထိဒီမှာဘာလုပ်နေတာလဲ ပြန်ခိုင်းလိုက်တော့လေ "

ဆိုယွန်း၏ခပ်စူးစူးအကြည့်များကိုဆောနူရင်ဆိုင်ရပေတော့သည်။
"ကျွန်..ကျွန်တော် ပြန်တော့မှာပါ နူနား အမူးလဲပြေနေပါပြီ "

"အင်း ပြန်မယ်ဆိုလဲ ပြန်တော့ဆောနူ ညဥ့်နက်နေပြီ ခရစ်စမတ်မှာအထီးကျန်နေလဲ နူနားတို့အတွဲကြား အချိန်လာမခိုးနဲ့လေ "

ဆောနူအား မထီမဲ့မြင်ပြောလိုက်တော့ ဆောင်ဟွန်းနည်းနည်း စိတ်ခုသွားသောလဲ ချစ်ရသူ ရွှေစိတ်တော်မညိုးရန် ပါးစပ်အား ဇစ်ပိတ်ထားလိုက်လေသည်။

" အင်း အဲ့တာဆို ဆောနူ...ဂရုစိုက်ပြန်"

" ဟုတ် hyung "

××××××××××

ခုံပေါ်ကလက်ကိုင်ဖုန်းနဲ့ပစ္စည်းတေသိမ်းပီး ခြေလှမ်းကြဲကြီးများနှင့် အိမ်အပြင်ဘက် ထွက်သွားသောဆောနူ တစ်ယောက် အိမ်ထဲမှ ချစ်သူစုံတွဲကိုနောက်ကျောသာပေးနိုင်တော့သည်..။
" သိပ်ရက်စက်တာပဲ ပတ်ဆောင်းဟွန်းက"

နှင်းတေကြား သက်ပြင်းပူပူကိုချကာ လေထုနဲ့အတူ ထိုစကားလေးကို ညည်းမိသည်။

" ဂျောင်ဝန်းတို့မှန်း ဆန္နနဲ့ဘဝ တစ်ထပ်ထဲကျလိုက်တာ အရင်ဘဝက ဂျိုဆွန်းမြို့ကြီးအတွက်ပဲ စစ်တိုက်ပေးခဲ့လားပဲ ဟူးး"

တစ်​ယောက်ထဲအတွေးများစွာနဲ့ လမ်းမကြီးပေါ်လမ်းလျှောက်နေစဥ်...

" ဟင် ဆောနူ "

လှည့်ကြည့်မိတော့ ဂျောင်ဝန်းတို့စုံတွဲ...။

" ဂျောင်ဝန်းနား ဂျုံဆောင်းဟျောင်း! ရုပ်ရှင်ရုံကပြန်လာကြတာလား "

" အင်းလေ မင်းကို ဆောင်းဟွန်းဆီကလာခေါ်တာ နေပါအုံး မင်းက ဘာလို့လမ်းမပေါ် ရောက်နေတာ "

ဂျောင်ဝန်းနီးမှဂျုံဆောင်းလက်ကို အသာလေးဖြုတ်ပြီး ဆောနူ အား ခပ်ဖွဖွ ပုတ်လိုက်သည်။

" အာ... ဆိုယွန်းနူနား ရောက်လာတယ်လေ အဲ့တာ..ငါက အနှောင့်ယှက်ဖြစ်နေတယ်တူပါတယ်"

" ဆိုယွန်း နဲ့ဆောင်ဟွန်းက? "

စကားတစ်ခွန်းမှမပြောပဲ ငြိမ်နေသောဂျုံဆောင်း မျက်ခုံးတစ်ဖက်ပင့်ပီး အံသြတဲ့အကြည့်နဲ့မေးးတော့..

" သူတို့ကတွဲနေတာလေ ကိုကိုမသိဘူးလား"

"ကြိုက်နေတယ်လို့ပဲသိထားတာ ဂျောင်ဝန်းနီးရဲ့"

"အာ ဟုတ်ဘူး သူတို့က...တွဲနေကြပြီလေ ဆောနူ က အဲ့တာတောင် move မ on နိုင်သေးတာပဲ စောက်နွားကောင် "

ဂျောင်ဝန်းက ဆောနူဘက်က နာပြီးပြောပေးသော်လည်း ဖဲ့သလိုဖြစ်သွားတော့ ဆောနူမှ နှုတ်ခမ်းထော်ထော်နဲ့ရန်တွေ့လေသည်။

" ဘာနွားလဲ ဒီကောင်နော် လုပ်လိုက်ရ ချစ်တာဟ ချစ်တာ "

မတည့်မတူနေ နှစ်ယောက် ရန်တွေ့နေကြတုန်း ပတ်ဂျုံဆောင်းကတော့ အတွေးကမ္ဘာထဲနှစ်နေလေပြီ..။

ဆောင်ဟွန်းနဲ့ကတွဲနေကြပြီတဲ့လား...မြန်လိုက်တာ ငါ...ဘာလို့ မနာလိုသလိုခံစားနေရတာပါလိမ့်...ငါ့မှာ ငါ့ရဲ့ဂျောင်ဝန်းနီးရှိသလို သူလဲ ဆိုယွန်းရှိသွားပြီပဲ အေးလေ ငါက ဘာမနာလိုစရာလိုလို့လဲ...။

မဟုတ်ဘူး..ငါ..ဆိုယွန်းကို ဆောင်ဟွန်းဆီမပေးချင်ဘူး။

WINTER SLEEPTahanan ng mga kuwento. Tumuklas ngayon