episode -9

77 11 4
                                    

"Jeonရေ ဧည့်သည်ရောက်နေတယ် Jeonနဲ့ တွေ့ချင်လို့တဲ့ "

ဆိုသောအသံကြောင့် သူလည်းအပြင်ကို ထွက်ကြည့်လေတာပေါ့ ။ သို့သော်သူ့အား ရုတ်တရက်ကြီး အပြေးလေးလာဖတ်ပါသော ကောင်လေးတစ်ယောက် ။ ထိုကောင်လေးပြေးဖက်သည်နှင့် မျက်ဝန်းလေးတွေ ဝိုင်းသွားပါသော ချစ်ရသူအမ‌ျိုးသားလေးMin  ။

"ဟာဖယ်စမ်း မင်းဘယ်သူလည်း လွှတ်စမ်း "

ဆိုကာပြောပြီး တွန်းထုတ်လေတော့ ထိုကောင်လေးက ဖင်ထိုင်ရက်လေး ပြုတ်ကျသွားလေရဲ့ ။ ပြီးနောက်

"ဟင့် ကိုကိုကလည်း Hoeunလေးနာသွားပြီလေ ဟင့် "

ဆိုကာပြောလေတော့ သူသည်လည်းကြောင်သွားတာပေါ့ ။ ပြီးနောက်ဆိုင်ထဲကို Jiminကဝင်လာလေတော့ သူ့ကိုမျက်လုံးတစ်ဖက်မှိတ်ပြပြီး

"Jungkookရယ် ကလေးကိုဘယ်လိုလုပ်လိုက်တာလည်း ပြီးတော့မင်းမမှတ်မိဘူးလား ငယ်ငယ်တုန်းက eunလေးလေ ဝတုတ်ကလေးလေး မမှတ်မိဖူးလား "

ဆိုကာပြောတော့မှ့ သိသွားပြီး

"အော် တောင်းပန်ပါတယ်မမှတ်မိဘူး ဒါနဲ့Minရေ ကိုယ့်ကို မနက်ခင်းအနမ်းလေး မပေးရသေးဘူးနော် ဘာလည်းမပေးချင်လို့ တမင်ရှောင်နေတာလား Minက "

ဆိုပြီးဖင်ထိုင်ရက်သား ကျနေတဲ့သူကိုဆွဲမထူဘဲ ချစ်ရသူအမျိုးသားလေးထံကို သွားပြီးတော့ မေးလေတာပေါ့။  ဟက်ဟိုကလေးရဲ့  အကြံတွေကိုလည်းသိပြီးသားပဲလေ။  ပြီးတော့သူ့အဖေကလည်း ကိုယ့်ရဲ့လက်ထပ်ပွဲကိုလာခဲ့တဲ့ သူဆိုတော့ အင်းး
မဆန်းပါဘူးလေ ။

"Jeonကလည်း ဘယ်လိုဖြစ်နေတာလည်း ဆိုင်ထဲမှာစားသောက်သူတွေရှိတယ်လေ အရမ်း‌ဆိုးနေတာပဲ "

လို့ပြောတော့ ဆိုင်အတွင်းထဲကနေ ထွက်လာတဲ့Namjoonက

"အမလေး အစ်ကိုကြီးရယ် အပိုတွေပြောနေကြတယ် သူတို့နှစ်ယောက် ကျွန်‌ေတာ်နဲ့ အချစ်ကလေးရှိရင်လည်း အနေအထိုင်ဆင်ခြင်တာကျနေတာပဲ နော့်အချစ်ကလေး "

ဆိုကာပြောလေတာ့ Jiminတစ်ယောက် ထောက်ခံလေ၏။ ပြီးနောက်

"ဒီကတစ်ယောက်က အဲ့မှာထိုင်ပြီးဘာလုပ်နေတာလည်း မင်းမှာခြေတွေလက်တွေမပါဘူးလား
ဘယ်သူထူပေးတာကို စောင့်နေတာလည်း "

အမေပေးစားသော ကျွန်တော်ခင်ပွန်းသည် ( Complete)Where stories live. Discover now