63

1.5K 195 5
                                    

[UNICODE]

(1919) နို့မပြတ်သေးသော ကလေးကြီး

အန်းကျင်းဝေသည် ဤအမျိုးသမီးအား ပထမဆုံး blind date ကတည်းကပင် သဘောမကျခဲ့သော်လည်း မိဘများ၏ ဖိအားပေးမှုကြောင့် လက်ထပ်ရန်ကလွဲ၍ ရွေးချယ်စရာမရှိခဲ့ပေ။

အတိုင်းအတာတစ်ခုအထိ အန်းကျင်းဝေသည် နို့မပြတ်သေးသော ကလေးကြီးနှင့် တူနေလေသည်။ သူ့မိဘများ၏ စီစဉ်မှုအားလုံးကို နာခံခဲ့သည်။ သူ့မိဘများက ချန်းနဉ်နှင့် သူ၏အရင်အိမ်ထောင်ကို စီစဉ်ပေးခဲ့ပြီး ယခုနောက်ထပ်အိမ်ထောင်သည်လည်း သူ့မိဘများ၏ စီစဉ်ပေးမှုပင်ဖြစ်သည်။

ဇနီးဟောင်းဖြစ်သူ ‌ဒုက္ခဆင်းရဲများစွာဖြင့် နေထိုင်နေသည်ကိုမြင်ပါက အန်းကျင်းဝေသည်  သူမ မပါပဲ သူ၏ဘ၀အသစ်ကို ပျော်ပျော်ရွှင်ရွှင်စတင်နိုင်မည်မှာ အသေအချာပင်။ သို့သော် လက်ရှိချန်းနဉ်သည် သူ့ထက် အစစအရာရာသာလွန်သော ဘ၀တွင်နေထိုင်နေပြီဖြစ်ပြီး အရည်အချင်းရှိပြီး ရဲရင့် စွဲမက်ဖွယ်ကောင်းသော အမျိုးသမီးတစ်ဦးအဖြစ်ရပ်တည်နေပြီဖြစ်သည်။

ထိုကဲ့သို့ နှိုင်းယှဥ်ပါက သူ့ဇနီးအသစ်မှာ ဆိုးရွားသည်ဟုဆိုနိုင်သည်။ အကယ်၍ ဇနီးအသစ်ထပ်ယူတော့မည်ဆိုပါက ထိုဇနီးမှာ ချန်းနဉ်ထက်သာလွန်သောသူဖြစ်ရလိမ့်မည်။ သို့သော် သူ၏ လက်ရှိဇနီးသည်မှာ နှိုင်း၍မရပေ။

အခြေအနေကို လက်ခံလိုစိတ်မရှိသောကြောင့် အန်းကျင်းဝေသည် ယခုဇနီးသည်ကို လုံးဝဂရုမစိုက်ခဲ့ပေ။ အတိတ်က ချန်းနဉ်ကို လျစ်လျူရှုခဲ့သလို သူမကိုလည်း လျစ်လျူရှုခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် အိမ်ကိုထိန်းသိမ်းနိုင်ရန်နှင့် မိသားစုကို ကျွေးမွေးစောင့်ရှောက်နိုင်ရန် ဇနီးတစ်ယောက်ယူခဲ့ခြင်းသာဖြစ်သည်။

သို့သော် ဇနီးသည်အသစ်သည် လျှော့တွက်ရမည့်သူမဟုတ်၊ သူမသည် ယခင်က ကွာရှင်းပြတ်စဲခဲ့သောကြောင့် ယခုအခါ ပို၍တစ်ကိုယ်ကောင်းဆန်လာပြီး ကောင်းမွန်သောဘ၀ရရှိရန် သူမကိုင်တွယ်ရမည့် တာဝန်များကို သိလာခဲ့သည်။ ထို့ကြောင့် သူမသည် အန်းကျင်းဝေ၏ လစာကဒ်ကို ပိုင်ဆိုင်ရန် ကြောက်မက်ဖွယ်ကောင်းသော ရန်ပွဲတစ်ခုကို ဖန်တီးခဲ့သည်။

Daughter in Law (Realm-29)Where stories live. Discover now