56

1.1K 213 10
                                    

[UNICODE]

(1912) အိမ်မှာနေ?

နဉ်ရှု သူ့စကားများကို မထီမဲ့မြင်ပြုကာ ပျက်ရယ်ပြု၍ "အိမ်မှာနေ? ဒီအိမ်မှာ ငါ့အတွက် နေစရာ နေ‌ရာတောင်ရှိလို့လား?"

"အစ်မက အမေနဲ့အိပ်လို့ရတယ်လေ...အဖေ့ကိုက ကျွန်တော်နဲ့အိပ်ဖို့ ဖိအားပေးလို့ရတယ်။ အဲ့လိုသာဆိုရင် အစ်မနဲ့ အမေ စကားပြောလို့ရသလို နန်းနန်းလည်း သူ့အဖွားနဲ့ ရင်းနှီးသွားတာပေါ့"

နဉ်ရှု ကျယ်လောင်စွာရယ်မောလိုက်သည်။ သူမက ယောင်းမဖြစ်သူအားတစ်ချက်ကြည့်၍

"ဒါဆို...ယောင်းမကဘယ်မှာအိပ်မှာလဲ? နင်...ယောင်းမကို ကြမ်းပြင်ပေါ်မှာအိပ်ခိုင်းဖို့တွေးနေတာတော့ မဟုတ်ပါဘူးနော်...မဟုတ်မှလွဲ အဲ့လိုများတွေးနေတာလား?"

ယောင်းမဖြစ်သူမှာ မျက်နှာပျက်သွားပြီး "ကျွန်မ ဆိုဖာပေါ်မှာ အိပ်လို့ရတယ်"

နဉ်ရှု ပြောလိုက်သည့်စကား၏ အဓိပ္ပါယ်မှာ မရှင်းမလင်း ; "ဒီလောက်အေးတဲ့ ရာသီဥတုမျိုးမှာ ဆိုဖာပေါ်မှာသာအိပ်ရင် ယောင်းမ အေးခဲပြီးသေသွားမှာမဟုတ်ဘူးလား? ငါ ဟိုတယ်မှာအခန်းဌားထားပြီးပြီ၊ အဲ့တာကြောင့် ဒီမှာနေမှာမဟုတ်ဘူး"

ထိုအချိန်တွင် ဈေး၀ယ်ရာမှ ပြန်ရောက်လာသော ချန်းနဉ် အမေသည် ဧည့်ခန်းထဲတွင် ထိုင်နေသော နဉ်ရှုကိုမြင်တော့ အံ့အားသင့်သွားလေသည်။

နဉ်ရှုက "အမေ"လို့ခေါ်ကာ နှုတ်ဆက်လိုက်ပြီး ချန်းနဉ် အမေကလည်း မ‌သေချာမရေရာဖြင့် လှမ်းခေါ်လိုက်သည်။ "ချန်းနဉ်?"

နဉ်ရှု ; "သမီးပါ"

ချန်းနဉ်ရဲ့အမေက မျက်မှောင်ကြုပ်ကာ မကျေနပ်သော ပုံစံနှင့် "ဒီမှာ ဘာလုပ်နေတာလဲ? နင့်မိသားစုကို ဘာလို့မဆက်သွယ်ရတာလဲ?"

"အမေ" ချန်းနဉ်ရဲ့မောင်က နဉ်ရှု စိတ်တိုမည်ကိုစိုးရိမ်သောကြောင့် သူ့အမေကို စကားမပြောရန် အလျှင်အမြန်တားလိုက်သည်။

"အစ်မ ပြန်လာတုန်းက ပစ္စည်းတွေအများကြီးပဲ ၀ယ်လာခဲ့တာ"

ချန်းနဉ် အမေက သူ့သားမျက်လုံးမှိတ်ပြနေတာကိုတွေ့တော့ သက်ပြင်းချ၍ ပြောလိုက်သည်။

Daughter in Law (Realm-29)Opowieści tętniące życiem. Odkryj je teraz