7th April 2023
11:11 pm
.
.
အမှောင်ရိပ်ကြီးစိုးနေတဲ့ ညကောင်းကင်၊ တိတ်ဆိတ်နေတဲ့ အခန်းငယ်လေး၊ နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ ကောင်လေးတစ်ယောက်၊ ရုတ်တရက် vibrate သံမြည်လာတဲ့ ဖုန်း၊ screen ပေါ်မှာမြင်ရတဲ့ contact name က 'ကိုကို.♡' တဲ့အိပ်ချင်မူးတူးနဲ့ ထ,ထိုင်လိုက်ပါသော်လည်း contact name မြင်လိုက်ရတဲ့ အချိန်မှာ အိပ်ချင်နေတဲ့ စိတ်က လုံးလုံးကို ပျောက်လို့သွားတယ်။ ထို့နောက် တွေဝေခြင်းမရှိပဲ accept ကို နှိပ်ပြီးနောက်
"ဟယ်လို ကိုကို"
"ရစ်ခီရာ မင်းပဲ စဉ်းစားကြည့်"
ဒီလောက်ဆို သေချာနေပါပြီ ကိုကိုမူးနေပြီဆိုတာ
"ငါကကွာ ဒီလောက်တောင် သဘောကျလိုက်ရတာ သဘောကျလိုက်ရတာဆိုတာ သူကတော့ ငါ့ကို သုံးခါတောင် ငြင်းလိုက်တယ်"
အခုချိန် ကိုကိုက စကားပြောနေရင်း ဖြစ်နေမဲ့ ပုံစံလေးကို ရစ်ခီရှန်တွေးရင်းနဲ့ ရယ်မိပြန်တယ်။ ကိုကိုက မူးနေရင် သိပ်ချစ်စရာကောင်းတာလေ။
"ဟုတ်တယ်နော် သူက မကောင်းဘူး ကိုကို့ကို ငိုအောင်လုပ်တယ်"
"ငါကတော့ကွာ သူ့ကြောင့်နဲ့ မအိပ်နိုင်မစားနိုင်ကြီးကို ဖြစ်လို့ အခုတောင် ဘာမှမစားရသေးဘူး ဟီး"
"ဟာ ကိုကို ဘာမှမစားရသေးပဲနဲ့ သောက်လို့မရဘူးလေ"
ရစ်ခီရှန်အော်လိုက်မိတော့ ကိုကိုက ဝမ်းနည်းသွားတဲ့ပုံပဲ မိနစ်ဝက်လောက်ထိ ဘာစကားမှမပြောပဲ တိတ်ဆိတ်သွားတယ်။
"ရှန်ရှန်က ကိုယ့်ကို အော်တယ် ဟင့်"
ပြန်ပြောလာတဲ့ စကားသံမှာ ငိုသံတွေပါ ရောပါလာတာမလို့ ရစ်ခီရှန် ခေါင်းပူပြီး ပြာပြာသလဲ ပြန်တောင်းပန်ရပါတော့တယ်။
"ဟာ ကိုကိုကကွာ ကျွန်တော်က အော်တာမဟုတ်ဘူးလေ ကိုကို့ကို စိတ်ပူလို့ ပြောမိတာကို"
ပြန်လည်ဖြေဆိုမှုမရှိတဲ့ဖုန်းလေးဟာ တစ်မိနစ်ကနေ နှစ်မိနစ် သုံးမိနစ် ငါးမိနစ်လောက်ထိ ရောက်လာတော့
"ကိုကိုအခု ဘယ်မှာလဲ ကျွန်တော်လာခေါ်မယ်"
.
.
>>>First kiss..♡
.
.