"သားရှန်ရှန် ထယ်ရယ့်ဆီလာတာလား"
"ဟုတ် အန်တီ ကိုကိုရှိလားဟင်"
"မင်းကိုကိုက အခန်းထဲမှာလေ ဝင်သွားလိုက်"
"ဟုတ်ကဲ့ အန်တီ"
ရစ်ခီရဲ့ခြေလှမ်းတွေဟာ ဘဲရုပ်လေးချိတ်ထားတဲ့ အဖြူရောင်တံခါးဝဆီကို တန်းတန်းမတ်မတ်။
ဒီမှာ ကိုကို။ ကိုကိုမလာရင် ကျွန်တော်လာရမှာပေါ့။*ဒေါက် ဒေါက်*
"တံခါးလော့ခ်မချထားဘူး မေမေ"
တံခါးဖွင့်သံကိုကြားလိုက်ပေမယ့် ဘယ်သူဝင်လာတာလဲဆိုတာ ထယ်ရယ် အာရုံမစိုက်အားသေးပါ။ ကုတင်ပေါ်မှာ ထိုင်းရင်း ရှေ့မှာချထားတဲ့ အင်္ကျီသုံးထည်ကို ဘယ်ဟာဝတ်ရမလဲသာ စဉ်းစားနေတာကို။
အနောက်ကနေ တစ်ယောက်ယောက် နီးကပ်လာသလို ကျောမလုံတော့တဲ့ ထယ်ရယ်က ခန္ဓာကိုယ်ကို အလှည့် ထယ်ရယ့်တံတောင်နဲ့ ခိုးကြောင်ခိုးဝှက်နဲ့ အနောက်ရောက်လာတဲ့ ရစ်ခီ့မျက်နှာနဲ့က မိတ်ဆက်။
"အာ့ အမေ့ သေပါပြီ ကိုကိုရာ"
"အယ် ဆောတီး' ရစ်ခီ အများကြီးနာသွားလား"
"နာတာပေါ့ဗျ မေးရိုးတော့ ကျိုးပြီထင်တယ်"
"အဲ့ဒါပြောတာပေါ့ အသံလေးဘာလေးပေးပြီးမှ ဝင်လာတာမဟုတ်ဘူး အခုတော့ နာသွားပြီမလား"
ရစ်ခီ့မျက်နှာကို ကိုင်ပြီး အုံဖွလုပ်ပေးနေတဲ့ ထယ်ရယ်က ရစ်ခီရဲ့ ရုတ်တရက်ဆန်စွာ ရှေ့တိုးလာမှုကြောင့် နောက်ပြန်လဲကျတော့မဲ့ဆဲဆဲ အိပ်ယာကို လက်ထောက်မိလျက်။
"ရစ်..ရစ်ခီက ဘာ..ဘာလာလုပ်တာလဲဟင်"
"ကိုကို့ဆီက မွေးနေ့လက်ဆောင်လာတောင်းတာလေ"
တစ်ဖြည်းဖြည်းရှေ့တိုးလာတဲ့ ရစ်ခီကြောင့် ထယ်ရယ် သူ့လက်သေးသေးလေးတွေနဲ့ ရစ်ခီကို တွန်းလိုက်ပေမယ့် ရစ်ခီကတော့ နည်းနည်းလေးမှတောင်မရွေ့။
"ဘာလို့ ကျွန်တော့်ကို ရှောင်နေတာလဲ"
"ခဏဖယ်ပေးဦး ရစ်ခီ"
"ဘာလို့လဲဗျ"
"ရင်တွေခုန်လာလို့ ဖယ်ဦးလို့"
