မနက်ခင်း အလင်းရောင်ဟာ မျက်နှာပေါ်သို့ ကျရောက်လာတဲ့ အချိန် ထယ်ရယ် မျက်မှောင်ကြုံ့မိသည်။ ထို့နောက် ထ,ထိုင်လိုက်ပြီးနောက် မူးနောက်နေတဲ့ ခေါင်းကို တစ်ချက်နှိပ်လိုက်ပြီး မျက်လုံးကို အားတင်းကာ ဖွင့်လိုက်မိတယ်။ အခု သူဘယ်ကို ရောက်နေလဲဆိုတာ သူသိတယ် ရစ်ခီရှန်ရဲ့ အိမ်လေ။ သူမူးအောင်သောက်တဲ့နေ့တွေဆို ရစ်ခီရှန်ပဲ လာခေါ်ပြီး သူ့အိမ်မှာပဲ အိပ်ဖြစ်တာ။ ရစ်ခီ အထက်တန်းပြီးထဲက တစ်ယောက်ထဲ ခွဲနေလို့ ထယ်ရယ့်အတွက်တော်သေးတာပေါ့။ အခုလို အရက်မူးလို့ အိမ်မပြန်ဖြစ်တဲ့ နေ့တွေ အတန်းလစ်လာတဲ့ နေ့တွေ အိမ်မပြန်ချင်တဲ့ နေ့တွေဆို ရစ်ခီအိမ်မှာပဲ နေဖြစ်တယ်။အိပ်ယာမှ ထ,ကာ ရေချိုးပြီး ရစ်ခီရဲ့ အင်္ကျီတစ်ထည်ယူဝတ်ကာ အခန်းထဲမှ ထွက်လာခဲ့တယ်။ ရစ်ခီကို လိုက်ရှာမိတော့ တွေ့ပါပြီ မီးဖိုချောင်မှာ ဘာတွေချက်နေလဲမသိ။ သေချာတာကတော့ အမူးပြေဟင်းရည်ပဲ။
ထယ်ရယ့်ကိုတွေ့တော့ ရစ်ခီရှန် မျက်နှာတစ်ဖက်လွှဲသွားရသည်။ အခုဆို ရစ်ခီရဲ့မျက်နှာ စတော်ဘယ်ရီသီးလေးလို နီရဲနေမှာ အမှန်ပင်။
"အင့် ကိုကိုအတွက် အမူးပြေအောင် ဟင်းရည် ညကသောက်တာ များသွားတယ်ထင်တယ် ခေါင်းကိုက်နေမှာပဲ များများသောက်နော်"
မျက်နှာလွှဲ၍ စကားကို တရဆက်ပြောပြီး ထွက်သွားဖို့ပြင်နေတဲ့ ရစ်ခီရှန်ကို ထယ်ရယ် လှမ်းတားရတော့တယ်။
"ရစ်ခီ"
"ဗျာ"
"နေမကောင်းဘူးလား မျက်နှာက နီနေသလိုပဲ ကိုယ်ပူနေတာလား"
ပြောပြောဆိုဆိုဖြင့် နဖူးပေါ် လက်တင်ပြီး အပူချိန်စမ်းနေတဲ့ ထယ်ရယ်ကြောင့် ရစ်ခီ နှလုံးခုန်နှုန်းတွေ မြန်လာတော့တယ်။ တစ်ဆက်တည်း တွေးလိုက်မိတာက ညတုန်းက ကိုကိုက သူ့ကို နမ်းလိုက်တာကိုပင်။ ရစ်ခီရှက်လာပြီဖြစ်သည်။ ရှက်လွန်းလို့ နားရွက်ဖျားတွေရော မျက်နှာ တစ်ခုလုံးနီရဲလာတော့ သူ့ရှေ့မှာရပ်နေတဲ့ ထယ်ရယ်က သူ့ကိုကြည့်ပြီး အံ့ဩနေတော့တယ်။
[ကိုယ်လဲမပူပါပဲနဲ့ ဒီကောင်လေးမျက်နှာ ဘာလိုဒီလောက်နီရဲနေရတာလဲ]
