-9-

1.2K 160 49
                                    

Recommend Song- Make you mine by PUBLIC

" ကင်မ်ဂယူဘင်း ထတော့!! "

" ဂယူဘင်း ဟေ့ကောင် "

" ထပါဆို.. ထ ထ!!"

" အာ!!... ဘယ်နှနာရီရှိသေးလို့လဲဟ "

" ရှစ်နာရီခွဲနေပြီ ။ ငါတို့ဒီနေ့မာမားဆီသွားကြရအောင် ။"

" ဟမ် ဘာလို့သွားမှာလဲ.. ။ "

" ဟ! မင်းကိုလုပ်ကျွေးနိုင်ဖို့ အမွေသွားတောင်းရမယ်လေ ။ "

" ဘာ ဘယ်လို!!"

ဂယူဘင်းမှာ အတည်ပေါက်နှင့်ပြောနေသည့် ရစ်ခီ၏စကားများကြောင့် အိပ်ချင်စိတ်ပင်အလုံးအရင်းနှင့် ပျောက်သွားရကာ အိပ်နေရာမှ ကမန်းကတမ်းနှင့် ထထိုင်လိုက်မိပါတော့သည် ။

သူက ရစ်ခီ့၏ကွန်ဒိုတွင် သောင်တင်နေသည့်တစ်ပတ်တာကာလတွင် ရစ်ခီနှင့်လည်း အတော်လေးကို အဆင်ပြေနေပြီဖြစ်ကာ နှစ်ယောက်သား၏အခြေအနေမှာ အရင်ကဆက်ဆံရေးကဲ့သို့ပြန်၍ရောက်ရှိသွားခဲ့ပြီဖြစ်သော်လည်း မတူညီတာတစ်ခုက ရစ်ခီရှန်၏နေ့မနားညမနားနှင့်မထိတထိဖလစ်လာမှုများက သိသိသာသာပိုများလာတာတစ်ခုပါပင် ... ။

အခုလည်း ခေါင်းပေါ်ကနေလုံးကြီးက အနောက်အရပ်ကို ပြန်မဝင်သွားသေးဘူး .. ။မျက်လုံးပြူးစရာစကားတွေကိုပြောလာပြန်လာတာက ဒီတစ်ခါသာထပ်ပြီး ရစ်ခီရှန်၏အိမ်ပေါ်က နှင်ချခံရပါက ဂယူဘင်းတော့ နေစရာဘုံပျောက်တော့မှာ အမှန်ပါပေ ။ ထို့ကြောင့် တဇွတ်ထိုးရစ်ခီရှန်၏အကြံအား ခေါင်းတခါခါဖြင့် အလျင်အမြန်တားဆီးခြင်းအမှုကို ပြုရပါတော့သည် ။

" ဟာ မသွားပါဘူး .. ။ "

" မသွားရင် ငါတို့ဘာနဲ့စားမှာလဲ ... ။ မာမားဆီက ဒီလအတွက်ရထားတဲ့ ငါ့ရဲ့မုန့်ဖိုးက ဟိုနေ့က မင်းပျင်းတယ်ဆိုပြီး တစ်နေကုန်မုန့်ဝယ်စားလိုက်တာနဲ့ ဟိုစီးမရပြုမရတဲ့ဆိုင်ကယ်လားဘာလား အဲ့တာကြီးဝယ်လိုက်တာနဲ့ ကုန်ပြီလေ.. ။ "

" ဘာ!! အဲ့တာကဘယ်လောက်ရှိမှာမို့လို့လဲ.. ။ ကလေးစီးတဲ့ဆိုင်ကယ်လေးကို "

ရစ်ခီ့၏စကားအဆုံးမှာပဲ ဂယူဘင်းက မကျေမနပ်ဖြစ်စွာနှင့်ပြန်ပြောလိုက်မိပါလျှင် ရစ်ခီက သူ့ကို ' စိတ်လေတယ် ' ဟူသည့်ပုံစံဖြင့် ခါးထောက်၍ကြည့်လာကာ

𝑷𝑰𝑵𝑲 𝑯𝑶𝑷𝑬(SHIMKONGZ) [COMPLETED]Where stories live. Discover now