[Zawgyi]
One shotမိုးစက်တို့ကားတဖြောက်ဖြောက်ကျဆင်းနေ၏။နံနက်လင်းသည်နှင့် တဖွဲဖွဲကျနေသော မိုးစက်တို့ကို Rain ပြတင်းပေါက်မှရပ်ကြည့်နေမိသည်။
မိုးရာသီသည် စိုစွတ်အုံ့မှိုင်းသဖြင့်လူအချို့ကမကြိုက်ကြ။ Rain လည်းမကြိုက်ပါ။ သို့သော် Rain ၏ နာမည်ကတော့မိုးစက်ခရာ တဲ့။ မိုးရာသီမိုးများသဲသဲမဲမဲရွာနေစဉ် Rain ကိုမွေးခဲ့လို့ မိဘများက ထိုနာမည်ပေးခဲ့သည်။
မိုးဖွဲလေးများကျနေတုန်း သူမဖုန်းလာသဖြင့် ဖုန်းကိုကိုင်လိုက်ရာ သူငယ်ချင်းက Rain ကို သူမတို့အိမ်အနီးကော်ဖီဆိုင်သို့လာခဲ့ဖို့လှမ်းခေါ်ခြင်းဖြစ်သည်။
အပြင်မထွက်ချင်ပေမဲ့ အိမ်မှာတစ်ယောက်တည်းပျင်းတာမို့ သူငယ်ချင်းထံ Rain ကားလေးမောင်းထွက်ခဲ့သည်။
ကော်ဖီဆိုင်မှာမှန်တံခါးဖြစ်ရာသူမကိုလက်လှမ်းပြနေသော သူငယ်ချင်း စုယွန်း ကိုလှမ်းမြင်နေရ၍ Rain တံခါးကိုဖွင့်ဖို့အလုပ် သူမအား နောက်ကနေလာဝင်တိုက်သူတစ်ယောက်။
Rain ဟာ စိတ်နည်းနည်းဆတ်သူမို့ရန်တွေ့ဖို့လှည့်ကြည့်လိုက်သော်ငြား ထိုမိန်းကလေးမျက်နှာမြင်လိုက်သည်နှင့် ရန်တွေ့ချင်စိတ်တို့ပျောက်ရှရ၏။
အပြာနုရောင်မြန်မာဝမ်းဆက်လေးဖြင့် ထိုမိန်းကလေး။ မျက်နှာလေးက တော်တော်လှသည်။ရှေ့ဆံပင်ကို သိမ်းကာ နောက်တွင်တစ်ဝက်လွှာစည်းထားရာ ယဉ်၏။
နှုတ်ခမ်းလေးမှာလည်း ပန်းနုရောင်လေးသမ်းနေကာ နဖူးလေးကိုပွတ်နေရင်း
"ဆောရီးနော် ညီမ အစ်မ ဖုန်းပြောနေတော့ သတိမထားမိလိုက်လို့"
"ဟုတ်ကဲ့ ရပါတယ်"
သူမက Rain ကိုတောင်းပန်ပြီး ကော်ဖီဆိုင်ထဲခပ်သုတ်သုတ်ဝင်သွားလေသည်။ Rain ကြည့်လိုက်တော့ ထိုမိန်းကလေးက စုယွန်းဘေးတွင် ထိုင်လိုက်သဖြင့်
"စုယွန်းနဲ့အသိလား"
ဆက်မတွေးတော့ဘဲ စုယွန်းရှေ့ Rain ထိုင်လိုက်တော့
"မမ ဒါ စုသူငယ်ချင်းလေ မိုးစက်ခရာတဲ့ Rain ဒါက ငါ့အစ်မဝမ်းကွဲ ဒေါက်တာတိမ်စိုင်ရိပ်ညို"
YOU ARE READING
မိုးစက်လေးများဖြစ်ခွင့်ရလျှင်(one shot)
Romanceမိုးစက်လေးတွေအဖြစ်နဲ့မမဆီမောင်ပြန်လာခဲ့မယ်နော်