•Unicode•
ကျောင်းဒီနေ့မှပြန်တက်သောကြောင့်
ရိပေါ်ကိုစောင့်နေသောမိန်းကလေးများက
ကျောင်းရှေ့တွင်စုရုံးလို့နေသည်ရှောင်းကျန့်လဲရိပေါ်ဘေးကပါလာသည်မို့
သူတို့မှာခါတိုင်းနေ့တွေထက်ပင် လူပိုများနေသလို"အများကြီးပဲ"
"ဘာဖြစ်လို့လဲ"
"သူတို့နားဖြတ်မလျှောက်ရဲဘူး"
"ဘာမှမလုပ်ပါဘူး သူတို့က"
ခေါင်းတဆတ်ဆတ်ခါကာ
"ငါတခြားဘက်က၀င်လိုက်မယ်"
"ဟာ မရဘူး ရောက်နေပြီးမှတော့ဒီကပဲသွားမယ်"
"အယ်..ရိပေါ်--"
သူ့၏လက်များသည်ရုတ်ချည်းဆိုသလို
ရိပေါ်ဆောင့်ဆွဲတာခံလိုက်ရသည်ထိုကောင်လေးကသူ့လက်ကိုမြဲမြဲဆုပ်ကိုင်ကာ
မိန်းကလေးများကိုဖြတ်ကျော်ပြီး
ကျောင်းထဲသို့တွဲ၀င်သွားခဲ့သည်"ဟယ် ငါအခုဘာမြင်လိုက်ရတာလဲ"
"ငါတစ်ယောက်ထဲမြင်လိုက်တာမဟုတ်ဘူးမလား"
"သူတို့ကဘာတွေလဲ"
"နင်ဘာတွေတွေးနေတာလဲ ငါတို့ရိပေါ်ကအဲ့လိုလူမဟုတ်ဘူးနော်"
"ရှောင်းကလဲ အဖြောင့်ဟဲ့အဖြောင့် နင်တို့ရဲ့ရိပေါ်ကလက်ဆွဲပြေးသွားလို့သာပါသွားရတာလေ"
"အဲလိုမစွပ်စွဲနဲ့ဟဲ့"
"ဘာလဲ ဒီကလူတွေအကုန်လုံးမြင်တယ်"
"အေးလေ အေးလေ"
"ဟဲ့ သူတို့တွဲနေတာလားမသိဘူးနော်"
"မဖြစ်နိုင်တာ!!"
အငြင်းအခုံဖြစ်ကာကျန်ခဲ့ကြပြန်သည်
ဒီတစ်ခါတော့ငိုတဲ့လူကငိုလို့"ရိပေါ် ရပြီ လွှတ်တော့"
"အင်း"
တအားညှစ်ထားမိ၍ထင်သည်
ရှောင်းကျန့်လက်ကလေးမှာ အနီရောင်သမ်းလို့"နာသွားလား"
"မင်းဘယ်လိုလုပ်လိုက်တာလဲ"
"ဟမ်"
"ဘာလို့မင်းကိုလာကြည့်တဲ့လူတွေရှေ့မှာ
ငါ့ကိုလက်ဆွဲပြေးတာလဲ
သူတို့ဘယ်လိုထင်ကုန်မလဲမစဉ်းစားမိဘူးလား"
YOU ARE READING
More than Bestfriends?(Yizhan)
Romanceစည်း? ဒါဟာခင်ဗျားနားမကပ်နိုင်အောင်ကံကြမ္မာကဖန်ဆင်းထားတဲ့ကြိုးတစ်ခုသာသာပဲ