•Unicode•
ရှောင်းကျန့်မျက်လုံးများပင်ပြူးကျယ်သွားရလေသည် သူ့ရင်ဘတ်ထဲကလဲတဒုန်းဒုန်းခုန်နေသည်မှာရိပေါ်ကြားသွားမှာတောင်စိုးရသည်
"ဘာတွေလာမေးနေတာလဲ"
"ဖြေပါ ကျွန်တော်သိချင်တယ်"
"ဟင့်အင်း ငါအဲ့ဒါတွေမစဉ်းစားချင်သေးဘူး"
"..."
"မင်းလဲငယ်သေးတယ်နော် အဲ့လိုမဟုတ်တာတွေတွေးမနေနဲ့"
"ကျွန်တော်နောက်သုံးလနေရင် 16နှစ်ပြည့်ပြီလေ ကောမျက်လုံးထဲကျွန်တော့ကို ကလေးလို့မှတ်နေသေးတာလား"
ဘာမှပြန်မပြောနိုင်ပဲထိုကောင်လေး၏စကားများကိုသာနားထောင်လို့နေသည်
"ကျွန်တော်ဟိုနေ့ကမေးတယ်မလား နှလုံးခုန်မြန်နေတာဘာလို့လဲလို့"
"..."
"ကျွန်တော့ရင်ထဲကလေ ခင်ဗျားနဲ့အတူရှိနေမှအဲ့လောက်မြန်မြန်ခုန်တာ"
"၀မ်--"
"Shh..ကျွန်တော်ပြောလို့မပြီးသေးဘူး.."
စကားဖြတ်ပြောဖို့ပြင်နေသောရှောင်းကျန့်၏နုတ်ခမ်းပါးလေးအား ရိပေါ်လက်ညိုးဖြင့်ဖွဖွဖိထားလိုက်သည်
"မူမမှန်တော့ဘူးဆိုတာကျွန်တော်သိတယ်"
"...."
"ကော ကျွန်တော့ကိုကလေးလို့မမြင်ပဲ ယောက်ျားတစ်ယောက်လိုမြင်ပေးပါလား"
"မင်းပြောတာငါမရှင်းဘူး"
သူရှောင်းကျန့်၏ပုခုံးနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်
"အတင်းမတိုက်တွန်းဘူး ဒါပေမဲ့ခင်ဗျားမျက်လုံးထဲကျွန်တော့ကိုကလေးလို့မြင်မဲ့အစား ခင်ဗျားအားကိုးရမဲ့လူလို့မြင်ပေးပါလား"
ပြောရင်းဖြင့်သူ့လက်မောင်းများမှတစ်ဆင့်ခါးပေါ်သို့ရိပေါ်၏လက်များကကျူးကျော်လာလေသည် သူလဲနေရခက်လာ၍ရိပေါ်လက်များကိုတွန်းဖယ်ကာ
"မင်းစကားပြောတာအဲ့လိုတွေမပါနဲ့ ရိပေါ်"
သူကအသက်ပိုကြီးသော်လည်းရိပေါ်၏အရပ်မှာသူနှင့်တန်းတူဖြစ်နေသည် ဒါတင်မကသေး ထိုကောင်လေး၏လက်များသည်သူ့ထက်ပိုကြီးနေပြန်သည်
YOU ARE READING
More than Bestfriends?(Yizhan)
Romanceစည်း? ဒါဟာခင်ဗျားနားမကပ်နိုင်အောင်ကံကြမ္မာကဖန်ဆင်းထားတဲ့ကြိုးတစ်ခုသာသာပဲ