💗Zawgyi

258 0 0
                                    

ဒီနေ့က ၀တ်ရည်ရဲ့ ကျောင်းစတက်ရက်ပါ ၀တ်ရည်ရဲ့ကျောင်းကရန်ကင်း T.T.C ပါ ဖေဖေက၀တ်ရည်ကိုကျောင်းကိုကားဖြင့်လိုက်ပို့ပေးသည် ၀တ်ရည်လဲကားပေါ်ကဆင်းကာ ကားလမ်းကူးပြီး ကျောင်းဝင်းထဲကိုလမ်းလျှောက်လာခဲတော့သည် လျှောက်လမ်းတစ်လျောက်မှာ ကျောင်းသူ ကျောင်းသားတွေ ဂျူတီစောင့်တဲ့ဆရာမတွေရှိသည် ခရေပန်းတွေသည်လည်းကြွေနေပြီ အနံ့လေးကနှာခေါင်းဝသို့ ခက်သင်းသင်းလေးရသည် ၀တ်ရည်လဲ ကျောင်းအထဲထိရောက်တော့ သုံးထပ်စောင့် ဘက်သို့လာခဲ့ပြီး ၀တ်ရည်သင်ရမဲ့အခန်းကိုရသည် တွေ့ပါပြီ Grade-9A ဆိုတဲ့ဆိုင်းဘုတ်လေးရှိသည့် အခန်းကိုဝင်ကာ နောက်ဆုံးအတန်းတွင်ထိုင်နေလိုက်သည် ခဏနေတော့ ကျောင်းတက်သွားပြီ တီချယ်တစ်ယောက်ရော်လာသည် ၀တ်ရည်တို့ရဲ့အတန်းပိုင်ဖြစ်မည်ထင်သည်

'ကဲ သားတို့သမီးတို့ကို Aခန်း Bခန်းခွဲမယ်"

'ဟုတ်ကဲ့ပါဆရာမ"

'မှူးမှူးသက်တန့် Aခန်း"

'သွန်းကြယ်စင်ထက် A ခန်း"

'သင်းမြသီရီစိုး Aခန်း"

'ရှင်းသန့်သူ A ခန်း"

'မွှေးနံ့ဝတ်ရည် Aခန်း"

'..................."

ဆရာမကAခန်းကျသည့်သူနှင့် Bခန်းကျသည့်သူတို့ကိုအော်ပေးသည် ၀တ်ရည်နှင့်၀တ်ရည်သူငယ်ချင်းများသည် Aခန်းကြသည်

'ကဲBခန်းကြတဲ့ကလေးတွေအကုန်လုံး ကျောပိုးအိတ်နဲ့ခြင်းတောင်းယူပြီး ဟိုဘက်အခန်းကိုသွားမယ်နော်"

Bခန်းကြတဲ့သူများအသီးသီးထွက်သွားကြသည် ခဏနေတော့ ဆရာမပြန်ယောက်လာပြီး

'ဆရာမနာမည်ကဒေါ်ခင်စန်းဝေပါ အသက်၄၈နှစ် မင်းတို့ရဲ့အတန်းပိုင်ပါ"

'ဟုတ်ကဲ့ပါဆရာမ"

ဒီနေ့ကစတက်ရက်မို့စာမသင်ပါ အသင်းခွဲတာတွေ အတန်းခေါင်းဆောင်ရွေးတာရယ်နဲ့ အလုပ်ရှုပ်နေသည်

နေ့လည် ၁၁နာရီခွဲတော့ ထမင်းစားကျောင်းဆင်းပြီ
၀တ်ရည်တို့အဖွဲ့ကထုံးစံအတိုင်း ထမင်းအစားပဲ မုန့်ဈေးတန်းကိုသွားကာ မုန့်တွေအအေးတွေဝယ်ကာ ဘောလုံးကွင်းနားမှာထိုင်စားကြသည်

'ဟဲ့ B ခန်းဆရာမက အရိုက်ကြမ်းတယ်တဲ့"
သင်းမြကပြောတော့

'အေးဟုတ်တယ် တော်သေးတယ် အဲ့ဆရာမအခန်းမကျလို့"
သွန်းမှ

'ဟုတ်ပါ့"
မှူးမှူး

'နင့်တို့ကbခန်းဆရာမအခန်းကျဖူးတာလား:
လို့ကျွန်မမေးလိုက်တော့

'သေချာတာပေါ့"
၃ ယောက်စလုံးပြိုင်တူဖြေကြသည်

'ငါကတော့ bခန်းဆရာမကိုအခုထိ မမြင်ဘူးဖူး သာ့အခန်းလဲမကျဖူးဘူး"

'တီချယ်က ပိန်ပိန်ပါးပါးနဲ့အသားကလဲဖြူ အသံလေးကချစ်စရာလေး လှတာများ ကျောင်းကဆရာမ queen တောက်တက်လုပ်လို့ရတယ်"
သွန်းကbခန်းဆရာမအကြောင်းပြောပြသည်

'နာမည်ကကော"

'ဒေါ်အေးမြင့်မြင့်"

ဘာကြောင့်လဲမသိ တီချယ့်နာမည်လေးကြားရုံဖြင့် ရင်ထဲနွေးထွေးသွားသည်

ရှင်းသန့်ကတော့ ဘောလုံးကန်နေသည် ရှင်းသန့်က bixual ဆန်သည် ၀တ်ရည်တို့၅ ယောက်စလုံးက play girl တွေဖြစ်သည် ၅ ယောက်ထဲမှာ မှူးမှူးတစ်ယောက်ထဲပင် straight တစ်ယောက်ဖြစ်သည်

ကျောင်းတက်ခေါင်းလောင်းထိုးပြီမို့ အခန်းထဲပြန်လာကြသည် ဆရာမကတော့ အရေးကြီးကိစ္စရှိလို့ကျောင်းရုံးခန်းသွားသည် အခန်းထဲတွင်ဆူညံနေသည်အချိန်တွင်

'ဒုန်း!!!"
တစ်ခုခုကိုထုလိုက်သည့် အသံမို့ တစ်တန်းလုံး အနောက်ကိုလှည့်ကြည့်လိုက်ချိန် ၀တ်ရည်ခုံနောက်တွင်ရပ်နေသော တီချယ် အရမ်းကိုလှပလွန်းလှသည် မျက်မှန်ပန်းရောင်လေးကိုတက်ထားသည် မျက်မှန်အောက်ရှိမျက်ဝန်းသည် စူးရှလွန်းလှသည်
ဆရာမဒေါ်အေးမြင့်မြင့်ထင်သည် ရင်တွေဟာထိန်းမရအောင် ခုန်သွားသည်

'ဘယ်လိုဖြစ်နေကြတာလဲ ဆရာမမရှိလဲ ကိုယ်နေရာမှာကိုယ်အေးဆေးနေပါလား"
ဒေါ်သထွက်နေသည့်အသံဆိုပေမဲ့ ချစ်စရာကောင်းလှသည်

ဝတ်ရည်ကတော့ တီချယ်ဆီမှာနစ်မျောနေသည် တစ်ခြားသူတွေက ကြောက်ဒူးတုန်နေကြတယ် အသက်တောင်မရှူနိုင်အောင်လောက်ဖြစ်နေသည်

တီချယ်ကပြန်ထွက်သွားမှ အသက်၀၀ရှူနိုင်ကြသည်
တီချယ်ထွက်သွားတဲ့နောက် ၀တ်ရည်နှလုံးသားလေးကပါမှန်းမသိပါသွားခဲ့သည်

တီချယ်ကပိုင်ရှင်ရှိပါတယ် တီချယ်ကို သာသာကတစ်ဖက်သတ်ပါ တီချယ်ကကျောင်းပိတ်ခန်နီးမှာ ကိုယ်ဝန်ရှိနေပြီမလို့ ကျောင်းနားသွားသည် တီချယ်ကျောင်းနားသွားသည့် အချိန်မှာ မမြင့်သီချင်းထွက်တာပါ😊

မမေ့နိုင်သော ချစ်ဦးသူ❤️Where stories live. Discover now