💗Zawgyi

68 0 0
                                    

'ကဲ ကျောင်းဆင်းပြီ နှုတ်ဆက်ကြ"

'မင်္ဂလာပါဆရာမ ကျေးဇူးတင်ပါတယ်ဆရာမ"

'ကဲတန်းစီကြ"

'ဟဲ့ငါတို့အနောက်မှာနေကြမယ်"
ရှင်သန်

'အွန်း"

လေပြေအေးတို့ကတန်းစီပြီးနေပြီ သူမလက်တစ်ဖက်ကဖုန်းကိုင်ထားသည်မို့ ကြည့်လိုက်တော့ သူမဖုန်းကပွင့်နေသည် သူမwallpaper ထက်တွင် ယောကျားတစ်ယောက်ပုံပင် ရင်တွေကြေကွဲမတတ်ခံစားရသည် သူမကပိုင်ရှင်ရှိတဲ့ လေပြေအေးလေးတစ်ခုပင်

အဲ့ချိန်ကအစသူမကိုမပိုင်ဆိုင်ချင်တော့ပာ သူမပျော်ရွှင်နေတာကိုပဲ ၀တ်ရည်လိုချင်လှသည် ၀တ်ရည်က move on မလုပ်နိုင်တော့ ကြိတ်ပြီးပဲမျိုသိပ်ထားသည် မျက်နှာတွင်အပြုံးပန်းအမြဲပန်ဆင်ထားပေမယ့် ရင်ထဲတွင်ကမ္ဘာပျက်နေလေ၏

လေပြေအေးကတစ်နေ့တစ်နေ့ ဗိုက်ကလေးကဖောင်းဖောင်းလာသည် သူမကိုယ်ဝန်ရှိနေသည်တဲ့ သူမဟာ ဗိုက်ဖုံးအင်ကျီလေးများအား အရောင်စုံဝတ်သည် သူမဟာ ဘယ်လိုနေနေ၀တ်ရည်မျက်စိထဲတွင် အလွန်လှလွန်းသည် တနေ့သူမကျောင်းမလာလို့ကျွန်မေမျှာ်နေမိသည် သူငယ်ချင်းတွေပြောတာတော့ နေမကောင်းလို့တဲ့ ကျွန်မအရမ်းစိတ်ပူမိသည်

ကျွန်မသူမအခြေအနေသိချင်သည် ဒါကြောင့်မို့ တီချယ်ဆီက ဖုန်းနံပတ်တောင်းပြီး အိမ်ရောင်ရင်မေးမည် အိမ်ရောက်တော့ ဖုန်းဆက်ကာမေးတော့ ခေါင်းမူးပြီး အဆစ်တွေကိုက်နေလို့ပါတဲ့ သက်သာသွားပြီသမီးတဲ့

 

မမေ့နိုင်သော ချစ်ဦးသူ❤️Where stories live. Discover now