ရှောင်းကျန့် ပြန်ပြီး သတိဝင်လာချိန်မှာတော့ နဂို အဆောင်ကို ပြန်ပြီး ရောက်ရှိနေ့ခဲ့တာဖြစ်ပြီး
ကွဲပြားသွားတာက အဆောင်တွင်းရှိလူများသာသူ့ကိုအပ်စိုက်ကုမယ်ဆိုတဲ့ အသက်ကြီးကြီး
သမားတော်ကြီး အစား
ငယ်ငယ်ချောချော သမာတော်လေးက
သူ့အားတောက်ပစွာပြုံးပြနေသည်မို့"သတိရလာပြီပဲ ရှောင်းအာ "
ပြောပြောဆိုဆိုပဲ သူလက်အားဆွဲကာ သွေးခုန်နှုန်းလည်း စမ်းပေးလာသည်
ဒီလူ့ရဲ့အပြုအမူနဲ့ အသုံးအနှုန်းတွေက သူ့ကိုတော်တော်လေး ရင်းနှီးနေသလိုမျိုး"အရှင်က ငါ့ကို ရှောင်းအာရဲ့ အနီးကပ် သမားတော် အဖြစ်ခန့်အပ် လိုက်တော့
ငါအရမ်းပျော်သွားတာ သိလားရှောင်းအာ"မသိပါဘူး ဒီလူဘာတွေလာပြောနေတာလဲ
"ငါ့ဆန္ဒတွေပြည့်ဝသွားတာပေါ့
ရှောင်းအာမှတ်မိသေးလား
ငယ်ငယ်ကပြောခဲ့ဖူးတာကိုလေ
ရှောင်းအာ နေမကောင်းတိုင်း ကုသပေးနိုင်တဲ့ သမားတော်ကြီးလုပ်မှာ ဆိုတာကိုလေ "ရှောင်းကျန့်သဘောပေါက်လိုက်ပြီ
ဒီလူက သူမသိတဲ့ သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်တန်ရာ
တစ်ဆက်တည်းမှာပဲ စိတ်ရှုပ်သွားရ၏
သူဒီနေရာအကြောင်းတကယ်ကို ဘာမှမသိ
ရှေ့လျှောက်သူ့ဘဝကြီးက လွယ်ကူပါ့မလားဘုရင်အုပ်ချုပ်တဲ့ ခေတ်ကာလကို ရောက်နေခဲ့ပြီး ကိုယ်တိုင်က ကြင်ယာတော်တစ်ပါး
ဖြစ်နေခဲ့ပြန်သည်
ကံကောင်းတာတစ်ခုက သူပထမဆုံးတွေ့ခဲ့တဲ့ကောင်ချောလေးဟာ ရှင်ဘုရင်ဖြစ်နေခဲ့ခြင်း
ဒီအချက်နဲ့တင်အားလုံးကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေခဲ့ပြီ"ရှောင်းအာ နေရတာ အဆင်မပြေလို့လား
ကြည့်ရတာ မျက်နှာမကောင်းဘူး "ငြိမ်နေတဲ့သူ့ကို စိတ်ပူသလိုမေးလာသူအား
ကြည့်ရင်း အတွေးတစ်ခု ပေါ်လာသည်မို့"နှစ်ယောက်တည်း စကားပြောချင်တယ်
တစ်ခြားသူတွေ ရှောင်ခိုင်းလိုက်ပါ"လုဖေးလည်း ရှောင်းအာပြောသည့်အတိုင်း
အခြားများအား အပြင်သို့ ပထုတ်လိုက်လေသည် သူ့သူငယ်ချင်းမှာ သူ့ကို အရေးတကြီး တိုင်ပင်ချင်တာများလားမသိ
YOU ARE READING
Oh My Crush, Emperor Wang [Complete]
Fanfic2023မှာ လာစုံစမ်းကြည့်လိုက်အုံး ရှောင်းကျန်ဆိုတာ ပုရိသတိုင်း နှုတ်ခမ်းနီမလေးတိုင်းရဲ့ အချစ်တော်လေးပါ နည်းနည်းလေးတောင် စောင်းငဲ့ကြည့်မလာတာတော့ မလွန်လွန်းဘူးလား ဝမ်ဧကရာဇ်ကြီးရာ