"ဟာ....လေးလေးကလဲ"
"ဘာကိုလေးလေးလဲ ဗာဗာလေး မြန်မာပြည်ေရာက်တာ ဘယ်လောက်ကြာပြီလဲ ဟမ် "
"မသွားချင်ဘူး စိတ်ညစ်တယ် စိုးရိမ်ဖို့မပြောထားတာလေ ဒီမှာအဆင်ပြေတယ်လို့ "
"ဗာဗာလေးက အဆင်ပြေတယ်ပဲ ထားပါတော့ ဘာကိစ္စ
ပါးနဲ့မား ဆီမသွတာလဲ""အာ..မသွားချင်လို့ ဒါပဲနော် လေးလေး"
ဧည့်ခန်းထဲက ဖုန်းပြောသံကြောင့် အယ်ဒါရာ အတော်ပင် ပျော်သွားရသည်။
"ဒါဒါရေ..."
တစ်ဆက်ထဲ ဂျန်နီဖာ့ အသံကြောင့် အသံလာရာဆီကို အယ်ဒါရာရော ဇယ်ဗာနာရောကြည့်လိုက်သည်။
အယ်ဒါရာသည် ဂျန်နီဖာ့ဆီ အိမ်အောက်ကို ခပ်မြန်မြန်ဆင်းပြီး ဂျန်နီဖာ့ဆီသွားလိုက်သည်။"ဂျန်ဂျန် ဖုန်းလေးဘာလေးဆက်ပေါ့"
"နင့်ဖုန်းပိတ်ထားပီးတော့ "
မြန်မာလိုပြောနေသည့် ဂျန်နီဖာနဲ့ အယ်ဒါရာတို့၏ စကားကို ဇယ်ဗာနာ ဘာတစ်ခွန်းမှ နားမလည်ပေ။
ဇယ်ဗာနာသည် အယ်ဒါရာ့နားသွားကာ"ဒါရာ ဘယ်မှသွားစရာမရှိဘူးလား"
"ဟမ်"
"ကိုယ်ပြောချင်တာက မင်းသွားစရာမရှိရင် ကိုယ့်ကို ကားခနလောက်ငှားလိုက်ပါလား"
"ကျွန်မက ရတယ် သူ့မှာ ကားပါတယ်ယူသွားလိုက်လေ"
ဇယ်ဗာနာသည် ခေါင်းတစ်ချက်ငြိမ့်ပြီး အပြင်ထွက်သွားသည်။
"ရိုင်းလိုက်တာဟာ...."
"အက်လိုမပြောပါနဲ့ ဂျန်ဂျန်"
စူစူပုပ်ပုပ်ဖြင့်ပြောသော အယ်ဒါရာ့ကြောင့် ဂျန်နီဖာသည် ရီရင်း
"သူ့ကို ကြိုက်နေတာလား"
"အို..ဘာ ဘာ တွေပြောနေတာလဲ ဂျန်ဂျန်ရယ်"
"သူ့ကိုကြိုက်လားလို့မေးတာ ရှက်စရာပါလို့လား ဒါဒါရယ်"
"ပါပါ မပါပါ...နေပါအုန်း ဘယ်သူက ရှက်နေတာလဲ ငါလား ငါကလား "
ကိုယ့်ကိုကိုယ်လက်ညိုးထိုးပြီး ရှက်ရမ်းရမ်းပြီးပြောနေသည့် အယ်ဒါရာက တကယ့်ကို ချစ်စဖွယ်လေးပြောနေတာပင်။