"လေးစားတယ် မင်းလို...မိမဆုံးမ..ဖမဆုံးမ..စရိုက်မကောင်းတဲ့အပြင်..ပေါ့ပျက်ပျက် ယောင်္ကျားတစ်ကာနဲ့ ပေါင်းပြီးပျော် ပျက် နေတဲ့ မိန်းကလေးမျိုးက လေးစားသတဲ့လား"အယ်ဒါရာသည် လက်ညှိုးကို လက်မ၏လက်သည်းဖြင့် စိပ်လိုက်သည်။
ထို့နောက်"အားနာပေမယ့် မိဘကိုနိုင်းပြီးပြောကထဲက အန်တီတို့...အို့..ဒီကအမျိုးသမီးကြီးတို့ မျိုးရိုးကိုသိလိုက်ပါတယ်"
အယ်ဒါရာပြုံးပြုံးနှင့်ပင် ပြောလိုက်တော့ ထို အမျိုးသမီးကြီးသည် ရှူးရှူးရှဲရှဲဖြစ်သွားသည်။
သူမ၏ဘေးက အမျိုးသားကြီးကတော့ တစ်ဖက်ကိုမျက်နှာ မူထားလျက်"မင်း ငါ့သမီးကိုဘယ်လို မြူစွယ်လိုက်တာလဲ ထားပါ မင်းလိုသလောက်ပေးမယ်..မကြာသေးကာမှ မင်းအမွှေဖြတ်စွှန့်လွှတ်ခံရတာမဟုတ်လား မင်းဘယ်လောက်လိုလဲ ပြီးတော့ မင်းငါ့သမီးနားက ထွက်သွားလိုပ်တော့"
ထို အမျိုးသမီးကြီး၏စကားကြောင့် အယ်ဒါရာ စိတ်အားငယ်သလိုဖြစ်သွားသည်ေတာ့အမှန်ပါ။
သို့ပေမယ့်"မလိုပါဘူး..ဇယ်ဗာနာလို လိုချင်တာပူဆာ ကပ်ချွဲလိုက်ပြီး အလိုလိုက် ရှယ်အမ်းတဲ့ မိန်းကလေးမျိုးရထားတာဘဲ အမ် ပြီးတော့ သူ့အနားက ထွက်သွားမှာလဲမဟုတ်ဘူး..အာ ပြီးတော့ ရှိသေးတယ် ဇယ်ဗာနာကလေ မိဘထက် ကျွန်မကို သိပ်ချစ်တာ သိစေချင်လို့ပါ ...ထက်ပြီး ကျွန်မက မိသားစုဘဝမပေးနိုင်ပေမဲ့ ဒီက ဇယ်ဗာနာ့ရဲ့ မိဘတွေ ထက်တော့ ကျွန်မ အများကြီး ပျော်ရွှင်အောင်ထားနိုင်ပါတယ်.."
ထို အမျိုးသမီးကြီးက တိတ်သွားပြီးခနကြာတော့
"မင်းလို မိန်းမ မျိုးနဲ့ ငါတို့လုံးဝသဘောမတူဘူး"
"အိုရှင် ဟိုက ကျွန်မကိုသိပ်ချစ်လွန်းလို့ မရ,ရအောင်လုပ်မယ့် မိန်းကလေးမျိုးပါ..ကုန်ကုန်ေပြာရရင် မိဘတွေတောင်ပြန်သတ်နိုင်တယ် ထင်တယ်"
"ဘာ"
ထို အမျိုးသမီးကြီးက 'ဘာ'ဆိုသည့်တစ်ခွန်းတာပြန်ပြောသည်။
ထိုနောက် အမျိုးသားကြီးက ဝိတ်တာအားလှမ်းခေါ်သည်။