Wrong Valentine

141 11 0
                                    

HyunLix 💙🤍

"မင်္ဂလာပါ အမေ"

"ကြိုဆိုပါတယ်ကွယ်"

Felixကမ်းပေးလိုက်တဲ့ လက်ဆောင်ထုတ်တွေကို လှမ်းယူပြီးတော့ Hyunjinရဲ့အမေက အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်သည်။ သူမက တော်တော်လေးကြည့်ကောင်းတဲ့အမျိုးသမီးဖြစ်ပြီးတော့ သူမရဲ့အပြုံးတွေက Felixမေမေကို သတိရစေတယ်။

"အဖေရော အမေ"

Felixနောက်ကနေဝင်လာတဲ့ Hyunjinက အိမ်ထဲဝင်ဖို့အတွက် အပေါက်ဝမှာတင်ရပ်နေတဲ့ Felixရဲ့ကျောပြင်ကို အသာလေးပုတ်ကာအချက်ပြရင်း သူ့အမေကိုမေးလိုက်တယ်။

"လမ်းလျှောက်သွားတယ် ခဏနေပြန်ရောက်မယ်ထင်တယ်"

Hyunjinအမေက သူ့သားရဲ့မေးခွန်းကိုပြန်ဖြေရင်း Felixရဲ့လက်တွေကို ဆွဲယူကာ အိမ်အတွင်းဘက်ကိုခေါ်သွားလေသည်။

"ယုံးဘို့ဂီ ဗိုက်ဆာနေပြီလား၊ အခုစားမလား၊ ဟျွန်းဂျင်တို့အဖေကို စောင့်ဦးမလား"

Felix အနေရခက်စွာ သူ့ခေါင်းကိုကုတ်လိုက်ရင်း Hyunjinကိုပါလှည့်ကြည့်လိုက်တယ်။

"အာ ကျွန်တော်ကရပါတယ် ၊ အဖေကိုစောင့်ပြီးမှ..
"

အပေါ်ကထပ်ဝတ်ထားတဲ့ ကုတ်အင်္ကျီကို သွက်သွက်လက်လက်ချွတ်လိုက်ပြီးတော့ Hyunjinက Felixနှင့် သူ့အမေနားကို မြန်မြန်ရောက်လာတယ်။

"အဖေပြန်လာမှ အတူစားကြမယ်လေ၊ အခု ကျွန်တော်တို့ အပေါ်သွားလိုက်ဦးမယ်"

Hyunjin Felixလက်ကို သူ့အမေလက်ထဲကနေ ပြန်ဆွဲယူလိုက်တယ်။

လှေကားဆီ ဦးဆောင်လို့လျှောက်သွားတဲ့ သားဖြစ်သူကိုလှမ်းကြည့်ရင်း Hyunjinမေမေက အော်​မေးလိုက်သည်။

"ဘာလိုအပ်တာရှိလဲ အမေဘာလုပ်ပေးရမလဲ"

"ဟင့်အင်း မလိုဘူး"

Felixကတော့ လှေကားပေါ်မတက်ခင် Hyunjinမေမေကို လှည့်ကြည့်ကာ အားနာစွာပြုံးပြခဲ့ရလေသည်။

......................................................

"ဝါး ငါ အခုထိ ရင်တွေခုန်နေတုန်းပဲ!"

Hyunjinရဲ့အခန်းထဲကိုရောက်တာနဲ့ အိပ်ယာပေါ်ကိုခြေပစ်လက်ပစ်လှဲချပြီး Felixတစ်ယောက် ရေရွတ်လိုက်တယ်။ Hyunjinက ဟွန့်ခနဲတစ်ချက်ရယ်က ပက်လက်လှဲနေတဲ့ Felixဘေးမှာ ဝင်ထိုင်တယ်။

BLUEWhere stories live. Discover now