HyunLix 💙🤍
ဒီကမ္ဘာပေါ်မှာ အမိုက်မဲဆုံးလူသားကို ပြပါဆိုလျှင် Hyunjin သူ့ကိုယ်သူသာ လက်ညှိုးထိုးပြလိုက်တော့မည်။ မိုးရွာထဲမှာ သစ်ပင်ကိုရေလောင်းနေတဲ့သူတောင် သူ့လောက်မမိုက်မဲနိုင်။
သူ ဘာဖြစ်လို့ ဒီလိုဆုံးဖြတ်ချက်မျိုးကို ချခဲ့ရတာလဲ။ စိတ်လှုပ်ရှားတဲ့အခါ တုန်ခါနေတတ်တဲ့ Felixရဲ့လက်ကို ဆုပ်ကိုင်ထားဖို့ သူ ဘာဖြစ်လို့မကြိုးစားခဲ့ရတာလဲ။ ဝမ်းနည်းတဲ့အခါပဲဖြစ်ဖြစ် ပျော်ရွှင်တဲ့အခါမှာပဲဖြစ်ဖြစ် ဟန်မဆောင်နိုင်ဘဲငိုကြွေးတတ်တဲ့ Felixကို ရင်ခွင်ထဲပွေ့ဖက်ထားကာ နှစ်သိမ့်ပေးနိုင်တဲ့အခွင့်အရေးကို သူဘာလို့ဆုံးရှုံးခံလိုက်တာလဲ။
Felixက အရာအားလုံးထက်ပိုပြီး သူ့ကိုပဲအလိုအပ်ဆုံးဖြစ်မှန်းသိခဲ့ရက်နဲ့ သူ ဘာဖြစ်လို့ဒီလိုမိုက်မဲတဲ့ အတွေးမျိုးတွေးခဲ့မိတာလဲ မသိတော့ပါဘူး။
အဲဲ့ဒီအပြစ်တွေကို အခု သူခံစားနေရပြီပဲဖြစ်သည်။ တိတ်ဆိတ်နေတဲ့အခန်းမှောင်ထဲမှာ သူ တစ်ယောက်တည်း။
Hyunjin သူ့မျက်နှာပေါ်ဝဲကျနေတဲ့ ဆံပင်တွေကို ဆွဲဖွလိုက်ရင်း ဒီညအတွက်ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ သက်ပြင်းကိုချမိသည်။
..........................................................
// Stray Kids' Felix received alarming death threats...
Hyunjin နောက်တစ်ကြိမ်ငိုတာကို ငါတွေ့ရင် နင့်မျက်စိကန်းရုံတင်မကဘူး။ စောင့်ကြည့်နေလိုက် Lee Felix....
Hyunjinသာ ဆံပင်လေးတစ်ချောင်းဆုံးရှုံးကြည့် ငါ့နင့်ကိုသတ်မှာ Lee Felix.... //
စာကို ဆက်မဖတ်နိုင်တော့လို့ Hyunjin ဖုန်းပိတ်လိုက်သည်။ Seungminက သူ့ပခုံးကိုပုတ်သည်။ Hyunjinမော့ကြည့်လိုက်တော့ Seungminက သူ့ကို့အားပေးသလိုပြုံးပြသည်။
"အရမ်မတွေးပါနဲ့။ ယုံးဘို့ကို ဘယ်သူမှ ဘာမှမလုပ်နိုင်ပါဘူး"
Hyunjin ဘာမှပြန်မပြောမိ။ သူ့ခေါင်းထဲမှာ အရမ်းရှုပ်ထွေးနေပြီး မကြာခင်ထပေါက်ကွဲတော့မယ့်မီးတောင်တစ်ခုလိုမျိုး သွေးတွေကပွက်ပွက်ဆူနေသည်။
"ငါ တစ်ယောက်တည်းနေချင်တယ်"
Seungminက နားလည်သလို ခေါင်းငြိမ့်ကာ ထိုင်နေရာကနေထသွားသည်။ Seungmin အခန်းတံခါးကို လှပ်ပြီးမထွက်သွားခင် Hyunjin သူသိချင်တာကို လှမ်းမေးလိုက်သည်။
