sauna to Your Day

124 3 0
                                    

HyunLix 💙🤍

"......."

ဝတ်လာတဲ့ cargo ဘောင်းဘီ အညိုရောင်လေးကို ချွတ်ချဖို့ပြင်နေရင်းမှ ရုတ်တရက် အဝတ်လဲခန်းရဲ့တံခါးကပွင့်လာတာကြောင့် Felixလန့်သွားမိတယ်။

"ဘာလုပ်နေတာလဲ"

အခန်းထဲကို မချိုမချဉ်မျက်နှာပေးနဲ့ ဝင်လာတဲ့သူကိုမြင်မှ Felixလည်း စိတ်အေးသွားရပြီး အဝတ်အစားဆက်လဲလိုက်တယ်။

"အဝတ်လဲနေတာလေ"

Hyunjinက Felixအနားကို မြန်မြန်ပဲလျှောက်လာပြီး Felixရဲ့ပါးလေးကို​ ပြွတ်ခနဲနမ်းတယ်။ ပြီးတော့ Felixရဲ့ ဆံပင်ပြာပြာတွေကို ဆွဲဖွတယ်။

"ဆံပင်အရောင်ပြောင်းမှာ သေချာပြီလား"

"အင်း"

"အဝတ်လဲတာကို ဘာလို့ အခန်းတံခါး လော့မချထားတာလဲ ကိုယ်မဟုတ်ဘဲ အခြားလူဝင်လာရင် ဘယ်လိုလုပ်မလဲ"

Felixက ပိုရန်ကောဆိုတဲ့ အမူအရာနဲ့ နှာခေါင်းရှုံ့လိုက်သည်။

"မင်းကလွဲရင် ငါအဝတ်လဲနေတဲ့အခန်းထဲ ဘယ်သူဝင်လာမှာမလို့လဲ"

"....."

saunaကပေးတဲ့ ဘောင်းဘီအတိုလေးကို မြန်မြန်ကောက်စွပ်လိုက်ရင်း Felix Hyunjinဘက်လှည့်ပြုံးပြလိုက်တယ်။

"ဟျွန်း ဆံပင်စည်းမှာလား"

"ဆံပင်လား"

Hyunjinက သူ့ဆံပင်ကိုယ်သူပြန်ကိုင်လိုက်ရင်း Felixကို နားမလည်သလို ကြည့်လာတယ်။ Felixက Hyunjinရဲ့ ခေါင်းကို လက်နှစ်ဖက်လုံးနဲ့ကိုင်လိုက်ကာ

"အွန်း ငါစည်းပေးမယ် ချစ်စရာကောင်းတဲ့ပုံစံ"

Felixရဲ့တက်ကြွနေတဲ့ အမူအယာကိုကြည့်ပြီး Hyunjinက သဘောကျသွားပုံပေါ်သည်။ သူ စိတ်ပျော်ရင် လုပ်နေကျ ပုံစံအတိုင်း နှုတ်ခမ်းကြီးဆူကာ အသံကို ကလေးလေးတစ်ယောက်လိုမျိုး မပီတပီနဲ့လုပ်ပြောလာသည်။

"ဟုတ်ရား ဒါကျို ချစ်စရာကောင်းတဲ့ ပုံဂျံရေးလုပ်ပေးပါ"

Felixစည်းပေးလိုက်တဲ့ ဆံပင်နှစ်ဖက်ခွဲကို Hyunjinက သဘောအကျကြီးကျနေသည်။ သူ့မှာ အဖွဲ့သားတွေကို ကြွားချင်လွန်းလို့ Felixကိုတောင် မစောင့်နိုင်ဘဲ ရှေ့ကနေ အရင်ဆုံးပြေးသွားလေသည်။

BLUEWhere stories live. Discover now