-10-

1.7K 175 79
                                    

" ပါး ၊ မား ကျွန်တော့်ကို ဂယူဘင်းနဲ့သဘောတူပေးပါ.... ။ "

" ဘုရားရေ!!! "

" ဟေ!! "

ရှန်အိမ်တော်၏ တစ်ဦးတည်းသောသားကလေးမှာကျောင်းပိတ်ရက်တွင် အိမ်ပြန်မလာတော့လည်းမလာသေးလို့ သူမတို့မှာ ဖုန်းခဏခဏဆက်ကာ လည်တဆန့်ဆန့်နှင့်မျှော်နေရပြီး ​ အခုလိုရုတ်တရက်ပြန်လာပြန်တော့လည်း လူနှင့်အတူပြဿနာကလေးပါ အဆစ်သယ်လာပါလျှင် ရှန်မာမားက ဒိန်းခနဲ တုန်တက်သွားသည့်ရင်ဘတ်ကို ဖိလိုက်ရင်း​ဖြင့် ​ခင်ပွန်းဖြစ်သူဘက်ကို လှည့်ကြည့်လိုက်ပါသည် ။ ထိုအခါ သူမခင်ပွန်း၏အကြည့်များက သူမထံတွင်မရှိနေဘဲ လက်တော့ပ်စခရင်ကိုသာ စိုက်ကြည့်နေပါလျှင် ရှန်မာမားက ခင်ပွန်းဖြစ်သူအားမျက်စောင်းတစ်ချက်ထိုးလိုက်ပြီးမှ သားဖြစ်သူရှိရာဘက်ကိုသာ လှည့်ကြည့်လိုက်ပါတော့သည် ။

" ရွေ့ရွေ့.. မင်းအခုမှ အသက်နှစ်ဆယ်တောင်မပြည့်သေးဘူးလေ ။ "

" သိတယ်လေ .. အခုချက်ချင်းလည်း ယူမယ်လို့ပြောတာမဟုတ်ပါဘူးမားရ.. ဒီတိုင်းပဲ ကြိုတောင်းထားတာ .. ။ အစတုန်းက မားတို့ဆီကိုအမွေလာတောင်းမလို့ပဲ ဒါပေမဲ့ဂယူဘင်းက အမွေသွားတောင်းရင်သူနဲ့သေခန်းပြတ်ဆိုပြီး ပြောနေလို့ ဂယူဘင်းနဲ့အရင်သဘောတူပေးဖို့ ခွင့်လာတောင်းတာ.. ။ "

" ရွေ့ရွေ့ရယ် အဲ့ဒီအစား အမွေသာတောင်းလိုက်စမ်းပါ ။ "
မာမားက ရင်ဘတ်ကိုဖိ၍ ရင်ထုမနာဖြစ်ဟန်နှင့်ပြောလာပါလျှင် ရစ်ခီမှာခေါင်းကိုတစ်ချက်ကုတ်လိုက်ရင်းဖြင့် မာမားကို တစ်ချက်လှမ်း၍ရယ်ပြလိုက်ပါသည် ။

" အမွေကတော့မတောင်းတော့ပါဘူး ဟဲဟဲ .. ။ မဟုတ်လည်း ဂယူဘင်းနဲ့ယူရင် မာမားတို့လက်ဖွဲ့ရမှာပဲလေ .. ။ အဲ့တာကြောင့် တစ်နှစ်လောက်နောက်ဆုတ်ပြီးမှ အမွေတွေယူလည်း မဆိုးပါဘူး .. အချိန်ရှိပါသေးတယ် "

" အမယ်လေး ရှန်ချွမ်ရွေ့ရယ် .. ငါတော့ နင်နဲ့စိတ်ညစ်ပါတယ် ။ ပေါက်ကရတွေလုပ်လာပြီ ။ ယောကျ်ား ရှင်လည်းဝင်ပြောဦးလေ.. ရှင့်သားလုပ်ပုံကကောင်းရဲ့လား.. ။ "
မားကရစ်ခီ့အားကြည့်ကာ မချိတင်ကဲနှင့် ရေရွတ်နေပြီးမှ ယောကျ်ားဖြစ်သူကိုပါ စစ်ကူခေါ်လိုက်ပါလျှင် ဆိုဖာထက်တွင် ခပ်လျှောလျှောမှီထိုင်နေသည့် ရစ်ခီ့၏ခါးများက မတ်ခနဲဖြစ်သွားရပါတော့သည် ။

𝑷𝑰𝑵𝑲 𝑯𝑶𝑷𝑬(SHIMKONGZ) [COMPLETED]Where stories live. Discover now