'အဲ့မှာ ထိုင် သောက်စရာ တခုခု ပေးရမလား ရေခဲသေတ္တာထဲ ဘာရှိလဲတော့ မပြောတတ်ဘူး'
ကားပေါ်တက်လိုက်လာလို့ ဒီအိမ်ရောက်ပြီးမှ ကော ပထမဆုံး ပြောလာတဲ့ စကား
'ရေဆို ရပါပြီဗျ' ဧည့်ခန်းထဲ တချက် မသိမသာ အကဲခတ်ကြည့်ရင်း ပြန်ဖြေလိုက်တယ်
'Ok. သက်တောင့်သက်သာ ထိုင်နေလို့ ရတယ်' ဆိုတဲ့ စကားအဆုံး ထွက်သွားတဲ့ ကောကျောပြင်လေးကို ကြည့်ရင်း ဆိုဖာပေါ်မှာ အတွေးတွေအပြည့်နဲ့ ထိုင်ချလိုက်မိတယ်
ဘာလို့ အိမ်ထိ ခေါ်လာတာလဲ
'ဟန်ဘင်းရှီး ကိုယ် ပြောစရာလေး တခုရှိလို့ အချိန်ခဏလောက်ပေးလို့ ရမလား ရိုက်စရာတွေ အကုန်ပြီးသွားရင် ကိုယ်နဲ့ လိုက်လာပေးလို့ ရမလား'
ရိုက်ကွင်းခဏနားနေချိန်မှာ အနားလာပြီး ပြောသွားတဲ့ စကားတွေပင် ဘာပြောစရာပါလဲ
ကြော်ငြာ အပ်ဖို့?
ပြောတဲ့သူက ပေါ့ပေါ့ပါးပါးလေး ပြန်ထွက်သွားပေမယ့် ကျွန်တော့်မှာသာ ရိုက်ကူးရေးတောင် မနည်း စိတ်နှစ်ပြီး ဆက်လုပ်ခဲ့ရတယ်မလား ကိုယ့်ကိုကိုယ်လဲ အားမရဖြစ်မိပေမယ့် လွန်ခဲ့တဲ့ ၆ လခန့်ထဲက စခဲ့တဲ့ ရောဂါပင်
အဲ့လူသားကို လူအကောင်လိုက်မပြောနဲ့ ဖန်သားပြင်က တဆင့် မြင်မိရင်တောင် ခုန်ပေါက်လာတဲ့ နှလုံးသားက သေမလိုပင် လူကို ပြုစားနိုင်ချက်ကတော့ ကျွန်တော့်ထက်တောင် သာတယ် တကယ်ဆို ကော မင်းသား လုပ်စားရမှာ
'ရော့ မင်းအတွက် ရေ..... ကိုယ် မင်းကို ကိုရီးယားမှာ ပြန်တွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး'
'ကျွန်တော်ကတော့ တနေ့နေ့ ဆုံနိုင်တယ်လို့ တွေးနေခဲ့တာပါ'
အံ့ဩတကြီး ပွင့်ဟလာတဲ့ နှင်းဆီဖူးလေးဟာ ကျွန်တော် ဘယ်သူလဲဆိုတာ တစက်လေးတောင် မသိနေခဲ့မှန်း သက်သေပြနေသယောင် တကယ်ကြီးကို မသိခဲ့ဘူးပေါ့
'မင်းက ကိုယ် ဘယ်သူလဲ သိနေခဲ့တာလား'
'ဟုတ်ကဲ့ ဒီနိုင်ငံရဲ့ ဒိတ်ဒိတ်ကျဲ သူဌေးတယောက်ကို မသိစရာလားဗျာ'
YOU ARE READING
What are we?
Romanceကျွန်တော် ကိုကို့ကို ချစ်နေတာ ရိပ်မိတယ်မလား ဆောင်းဟန်ဘင်း မင်းလဲ သိတယ်မလား ကိုယ် ဘယ်တော့မှ မင်းကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မှာ မဟုတ်ဘူးဆိုတာကို ...