Cotton Candy

371 41 15
                                    

ဟုတ်ပါတယ် အပိုင်းအသစ်ပါရှင့် အကြာကြီးနေမှ ရုတ်တရပ်ကြီး ထတင်လို့ အံ့ဩသွားကြမယ်ထင်တယ် အစက အကုန်ရေးပြီးမှ တင်မလို့ပေမယ့် လာဘ်ထိုးချင်တာလေး ရှိလာလို့ပါ 😁 ဘာကိုလဲဆိုတာ နောက်အပိုင်းရဲ့အဆုံးမှာ ရေးထားပါတယ် မျက်နှာလုပ်တဲ့အနေနဲ့ ၂ ပိုင်းတောင် ရေးပေးထားတာနော် 😬




'ကလေးစုတ်လေးတွေ ကျွန်တော့်ကို ထားသွားပြီး သူတို့ဘာသူတို့ ဒီနေ့ လျှောက်သွားကြမှာတဲ့ သိလား ကိုကို ခရီးတူတူ ထွက်ချင်လှပါတယ်ဆိုပြီး လူကို အတင်းခေါ်လာတယ် ခုကျ ပလစ်သွားကြတယ် မျောက်စုတ်လေးတွေ'

မနက်စာစားပြီးတာနဲ့ ဂယူက ဒီနေ့ သူတို့ဘာသာ အစီအစဉ်ဖြင့် သွားမယ်ပြောလာတော့ မနေ့က လက်ကျန်အရှိန်တွေနဲ့ ကြည်နူးပျော်ရွှင်နေတဲ့ မနက်ခင်းလေးက အနည်းငယ် မလန်းမဆန်း ဖြစ်သွားတာမို့ အခန်းကို စူပုတ်ပြီး ပြန်လာကာ ကိုကို့ကို ခလေးလို မကျေမနပ်လေသံဖြင့် တိုင်ပြောလိုက်တယ် အားကိုးရှိနေတဲ့ လူတွေက အဲ့လိုပဲ သိတယ်မလား

တကယ်လဲ ဂယူ အဲ့လိုပြောလာတော့ ခရီးတူတူမထွက်ရတာ ကြာပြီမို့ သွားချင်ပါတယ် ပူဆာတာကို ကျွန်တော်က ရည်းစားခေါ်လာမိတာမို့ စိတ်မကောင်းဖြစ်ရပြန်တယ် မနေ့ကတော့လဲ အရိပ်အကဲကြည့်မိသလောက် ၃ ယောက်လုံး ပျော်နေကြသလားလို့လေ

အင်းလေ ဟုတ်တော့လဲ ဟုတ်သား ကျွန်တော်နဲ့သာ ကိုကိုက သက်ဆိုင်သူပေမယ့် ဂယူတို့ကျ နေရခက်နေမယ် ထင်ပါတယ် ကိုကိုက သူ့သဘောနဲ့သူ လိုက်လာတာမို့ နှင်လဲ မထုတ်ရက်ဘူးလေ ဟင့်အင်း နှင်ကို မထုတ်ချင်တာ ထူးထူးခြားခြား ရလာတဲ့ အခွင့်အရေးမလား ထားပါတော့လေ နောက်မှပဲ သရက်သီးကျွေးပြီး ပြန်ချော့တော့မယ်

'ဂယူတို့ မလိုက်တာ အဲ့လောက် နှုတ်ခမ်းတွေပါ ဆူပြပြီး စိတ်ကောက်ပြဖို့ လိုလား ကိုယ်နဲ့ ၂ ယောက်ထဲ မသွားချင်တာလား' ဟင် ကောက်သံပိစိပါနေတဲ့ ကိုကို့အသံ အမလေး ဟိုမှာ ကောက်သွားပါတယ်ဆိုမှ ဒီက ထပ်ကောက်တော့မယ် ကယ်ပါဦး

'အာ... မဟုတ်ပါဘူး ကိုကိုကလဲ ဘာလို့ မပျော်ရမှာလဲ သွားမှာ ကိုကိုနဲ့ပဲ လည်ချင်တာ' ရှိစုမဲ့စု ပါးချိုင့်တွေပါ ပေါ်အောင် ပြုံးပြလို့ အစွမ်းကုန် ချွဲပြလိုက်မှ ပြန်ပေါ်လာတဲ့ ပါးမို့မို့တွေကို တချက် ဖြတ်နမ်းလိုက်တော့ နဂါးမျက်စောင်းလေးက ရောက်လာပြီး ပေါင်ပေါ်တင်ထားတဲ့ လက်ဖြူဖြူလေးကို ဆုပ်ကိုင်လိုက်တော့လဲ ရုန်းလာလေရဲ့

What are we? Where stories live. Discover now