Good Mistake

591 65 0
                                    

သူ့ကမ်းလှမ်းမှုကို ဒေါသတကြီး ငြင်းပြီး ထမင်းစားခန်းထဲကနေ ပြေးထွက်သွားတဲ့ ကျောပြင်လေးကို ငေးကြည့်ရင်း ခေါင်းတချက်ခါမိတယ် သူ့ကမ်းလှမ်းချက်က တခုခု မှားယွင်းနေလို့လား အခကြေးငွေတောင် ပေးမယ် ပြောခဲ့တာပဲကိုလေ

ရှေ့ဆက်တိုးဖို့ ဆုံးဖြတ်ပြီးမှတော့ သူ လွယ်လွယ် လက်လျှော့မှာ မဟုတ်ဘူးဆိုတာ အဲ့ကလေး သိပါလေစ ကျန်းဟာအိုဆိုတဲ့ သူက လိုချင်တာရှိရင် ရအောင် ယူတတ်တဲ့ လူတယောက် ဖြစ်သလို ပိုင်ဆိုင်ချင်ပြီဆို ဘယ်လောက်ခက်ခက် ရအောင် လုပ်နိုင်စွမ်းလဲ ရှိတာမို့ သေချာတာ အလျှော့ပေးရတဲ့သူက မင်းပဲ ဖြစ်မှာ

အမှန်တော့ အဲ့ကလေးနဲ့ အိပ်မိခဲ့ခြင်းဟာ သူ့ဘဝမှာ မမှားစဖူး မှားယွင်းခဲ့တဲ့ အမှားကောင်းလေးတခုသာ

💭

အဲ့ညက သူ့ဘဝရဲ့ မှတ်တိုင်တခုလို့ ပြောလို့ရမယ့် ညလေးတည ဖြစ်လာခဲ့တော့မလို့သာ အဲ့လုပ်ငန်းကို လုယူနိုင်ဖို့ တနှစ်တိတိ အကြံထုတ်လို့ နောက်တနှစ်နီးပါး ကြိုးစားအားထုတ်ခဲ့ရပေမယ့် နောက်ဆုံးတော့ ထုံးစံအတိုင်း သူ လုပ်နိုင်ခဲ့တယ် ဒါဟာ အဆုံးသတ်အိမ်မက်မဟုတ်ပေမယ့် နောက်ဆက်လျှောက်မယ့်လမ်းမှာ အရေးပါတဲ့ မှတ်တိုင်တခုမို့ ဂုဏ်ယူစိတ်တွေနဲ့ တော်တော်ကို မျှော်လင့်နေခဲ့ရတဲ့ ပွဲနေ့လေးတနေ့

ကိုရီးယားမှာ အနေအထားတခုထိ အောင်မြင်ခဲ့ပြီဆိုပေမယ့် နောက်ဆုံးပန်းတိုင်က မွေးရပ်မြေပြန်နိုင်ဖို့ပဲ အရှုံးတွေနဲ့ စွန့်ခွာလာတဲ့ အဲ့မြေကို သူ တခါမှ ထပ်မနင်းဖြစ်ခဲ့တော့တာ အဲ့နေ့ထဲကပင်

အင်း မကြာခင်.... မကြာခင် ပြန်နိုင်တော့မယ် ထင်ပါတယ် ဒီလုပ်ငန်းက သူ့အတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်လာတော့မှာလေ

အပြင်မှာ နှင်းတွေ ဖွဲဖွဲကျနေတဲ့ တိုကျိုညနေခင်းဟာ အဆုံးအစမရှိ လှပနေပေမယ့် သူ့မှာ အဲ့အလှတရားတွေကို ခံစားနိုင်ဖို့ မအားလပ်ပေ နောက်ထပ် ထပ်လှမ်းရမယ့် ခြေလှမ်းသစ်တွေကို တနေကုန် အစည်းအဝေးပေါင်းစွာနဲ့ ပြင်ဆင်နေရပေမယ့်လဲ သူ့မှာ အားအင်တွေ အပြည့်ပင် ဘာလို့လဲဆိုတော့ မကြာခင် သူ့ရဲ့ အောင်မြင်မှုမှတ်တိုင်ကို လွှင့်ထူနိုင်မယ့် ပွဲလေး ကျင်းပတော့မှာလေ

What are we? Dove le storie prendono vita. Scoprilo ora